ဧပြီလ (၁၄) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား မြို့နယ်၊ ပုလောကျေးရွာအုပ်စုအတွင်း ၂၀၂၅ခုနှစ် ဧပြီလ (၃) ရက်နေ့မှ (၁၃) ရက်နေ့ အထိ မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး (K.Y.O)နှင့် လယ်မူလားမြို့နယ် ကေအဲန်ယူ ခေါင်းဆောင် များမှ စုပေါင်းဦးဆောင်ပြီးကျေးရွာခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုသင်တန်းကို နှင့် ကျေးရွာ လူငယ် ချစ်ကြည်ရေး ဘော်လီဘော အားကစားပြိုင်ပွဲကိုလည်း ကျင်းပ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လယ်မူလားမြို့နယ် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တွဲဘက် အတွင်းရေးမှူးပဒို စောအယ်သဒါးမဲ၊ ပုလောကျေးရွာအုပ်စု အုပ်စုမှူးပဒိုစောဆာမူဂေါ နှင့် အခြား မြို့နယ်ခေါင်းဆောင်များ တက်ရောက်ကာ တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါသည်။
ဤသင်တန်းတွင် လယ်မူလားမြို့နယ် ပုလောကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၁၁) ရွာ ကျေးရွာ ကော်မတီခေါင်းဆောင်များ၊ ကျေးရွာလူငယ်ခေါင်းဆောင်များ၊ စုစုပေါင်း (၈၃) ဦး တက်ရောက် ခဲ့ပါသည်။
သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိက ဆောင်ရွက်နေရာသော နေသော ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာ ကရင် လူငယ် ခေါင်းဆောင်များအနေဖြင့် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ လမ်းစဥ်နှင့် လုပ်ငန်းစဥ် များသိရှိနားလည်ရန်၊ လက်ရှိနိုင်ငံရေးအခြေအနေကို သိရှိနားလည်ရန်၊ ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင် ပေးရန်၊ စုပေါင်းခေါင်းဆောင်မှုအားကောင်းလာရန်၊ ကော်သူလေးဥပေဒေဆိုင်ရာ အကြောင်းအရာများ ပိုမိုသိရှိနားလည်ရန်ဖြစ်သည်။