Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

မူတြော်ခရိုင် ကရင်လူငယ်အစည်းအရုံး အလုပ်အမှုဆောင်ကော်မတီ၏ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင် ရေး သင်တန်းဆင်းပွဲပြုလုပ်

ဧပြီလ (၁၅) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ် ဧပြီလ (၁၂) ရက်တွင် ကရင်လူငယ် အစည်းအရုံး (K.Y.O) မှ ဦးဆောင်ပြီး သင်တန်း ကျောင်းဆင်းပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
ဤသင်တန်းသည် လူငယ်များ ကရင့်တော်လှန်ရေး လမ်းစဉ်၊ လုပ်ငန်းစဉ်များကို နားလည်သိရှိစေရန် နှင့် တော်လှန်ရေး လုပ်ငန်းတွင် ခေါင်းဆောင်မှုဆိုင်ရာတွင် ဦးဆောင်မှုပြုနိုင်ရန်အတွက် ဖြစ်ပြီး သင်တန်းတွင် ဘာသာရပ် (၁၂) ခုကို သင်ကြားခဲ့ကြသည်။
ကရင်လူငယ်အစည်းအစည်းအရုံး၏ အလုပ်အမှုဆောင်ကော်မတီ ခေါင်းဆောင်မှုမြှင့်တင်ရေးသင်တန်းကို ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူငယ်အစည်းအရုံး-ဗဟို တို့မှ ကူညီထောက်ပံ့မှုများပြုလုပ် ပေးခဲ့ပြီး သည်။
သင်တန်းဆင်းပွဲကို မူတြော်ခရိုင် မှ ပဒိုစောမာနေကော်ဂေ၊ စည်းအရုံးရေးဌာန ဌာနမှူး ပဒိုစောထူးအယ်၊ ကရင်လူငယ်အစည်းအရုံး(ဗဟို)မှ သရာစောဆဲခူကော်၊ မူတြော်ခရိုင် ကရင်လူငယ်အစည်းအရုံး ဥက္ကဌ စောသေလာထူး နှင့် ခရိုင်ရုံးတာဝန်ခံ နော်ထီးကမွီ တို့မှ သင်တန်းသူ သင်တန်းသားများကို ခေါင်းဆောင်ကြီးများ၏ တာဝန်များကို လွှဲပြောင်းတာဝန်ယူနိုင်ရန်အတွက် တိုက်တွန်းလမ်းညွန် အားပေး စကားတို့ကို ပြောကြားခဲ့ကြသည်။
ဤ ကရင်လူငယ်အစည်းအရုံး အလှုပ်အမှုဆောင်ကော်မတီ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်း သည် မူတြော်ခရိုင်တွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းကျောင်းဆင်းပွဲ အခမ်းအနားကို (၅၇) ဦးတက်ရောက်ခဲ့ပါသည်။