ဧပြီလ (၁၄) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၌ ၂၀၂၅ ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် Kler Lwee Htu Junior College အပတ်စဉ်(၁၀) ကျောင်းသူ ကျောင်းသားများ၏ ကျောင်းဆင်းပွဲ နှင့် အောင်လက်မှတ်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခလယ်လွီထူခရိုင်၏ ခရိုင်တာဝန်ရှိခေါင်းဆောင်များ၊ ခရိုင်မြို့နယ်ပညာရေးဌာန၏ ခေါင်းဆောင်များ၊ ဖိတ်ကြားထားသည့် အခြားသောခရိုင်မှ ဆရာ ဆရာမများ တက်ရောက်ကာ အားပေး လမ်းညွှန် ဂုဏ်ပြုစကားများ ပြောကြားပေးခဲ့ပါသည်။
ကျောင်းဆင်းပွဲ အခမ်းအနားသို့ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည်သည်များ၊ ကျောင်းသားမိဘများအပါဝင် စုစုပေါင်း လူဦးရေ (၁၅၀) ကျော် ပါဝင်တက်ရောက် ဂုဏ်ပြု ခဲ့ကြပါသည်။
Kler Lwee Htu Junior College ၏ ၂၀၂၃-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းသား ကျောင်းသူများ အနေဖြင့် သဘာဝဘေးဒဏ် စစ်ဘေးဒဏ်များကြားမှ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်လွှာကာ ပညာ သင်ကြားခဲ့ရပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၃)ဦး အောင်မြင်ပြီးဆုံးအောင် ပညာသင်ကြား နိုင်ခဲ့ သည်။