Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

“Bottom-Up Federalism ဖြင့် ကော်သူးလေတည်ဆောက်ခြင်း” နိုင်ငံရေးစကားဝိုင်းအစီအစဉ် တစ်ရပ် အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပညာပေးစည်းရုံးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်း ကော်မတီ (ဗဟို)မှ ဦးဆောင်ကျင်းပ

ဩဂုတ်လ (၃)ရက်၊၂၀၂၄ ခုနှစ်၊ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံရေးနှင့် စည်းရုံး ရေး ကော်မတီ ၏ လုပ်ငန်းကော်မတီ တစ်ခုဖြစ်သည့် ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည် ဆောက် ရေးလုပ်ငန်းကော်မတီ (ဗဟို) မှ ” Bottom-Up Federalism ဖြင့် ကော်သူးလေ တည်ဆောက်ခြင်း နိုင်ငံရေးစကားဝိုင်းအစီအစဉ်” တစ်ရပ်အား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်၌ ဦးဆောင်ကျင်းပခဲသည်။
အဆိုပါ နိုင်ငံရေးစကားဝိုင်းအစီအစဉ်အား “ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်း ကော်မတီ-ဗဟို၏ အဖွဲ့ဝင်ဖြစ်သည့် ဆရာစောဆာလားမူမှ နိုင်ငံရေးစကားဝိုင်းအစီအစဉ် ပြုလုပ်ရ သည့် ရည်ရွယ်ချက် (၂) ချက်ဖြစ်သည့် (၁) မိမိတို့ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက် (၄)ရပ်အား ရောက်ရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုဆင်မှုတစ်ခုအနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် (၂) လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးချဉ်းကပ်မှုအား မျိုးဆက်သစ် ကရင်လူငယ်များ၊ ကရင်ပြည်သူလူထုများနှင့် ပြည်သူလူထုများ သိရှိနားလည်သဘော ပေါက်နိုင်ရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထိုနိုင်ငံရေးစကားဝိုင်း အစီအစဉ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်စအိုင်ခန့်၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO) မှ ဆရာမ နော်ဇူးဇူးလိုင်၊ ကရင်လူငယ်အစည်းအရုံး(KYO) မှ ဆရာစောခန့်ဇော်ဝင်း၊ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD)မှ ဆရာမနန်းအဲဆန့်ခလိန်း၊ ဖားအံခရိုင်၊လှိုင်းဘွဲမြို့နယ် နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီမှ ဌာနမှူးပဒိုစောထူးထူး၊ ဖားအံခရိုင်၊ပိုင်ကျုံမြို့နယ် နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီမှ မြို့နယ်ရုံးအုပ်ဖြစ်သည့် နော်အယ်နေဆာသနူးစိုးမူး တို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး အစီအစဉ်ဦးဆောင်သူ Moderator အနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်း ကော်မတီ-ဗဟိုမှ ဆရာမနော်အယ်ဖော်ဝါးတို့ ပါဝင်ခဲ့ကြသည်။