Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ခလယ်လွီထူခရိုင်အတွင်း ကရင်ရိုးရာ ဝါခေါင်လ လက်ချည်ပွဲအခမ်းအနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပ

ဩဂုတ်လ (၂၆) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ-ဗဟို
ခလယ်လွီထူခရိုင်အတွင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက် မနက် (၇) နာရီအချိန်၌ ကရင်ရိုးရာ လက်ချည် ပွဲအခမ်းအနားကို ကရင်လက်ချည်ပွဲအခမ်းအနား ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်ကျင်း ပပြုလုပ်ကာ အဆိုပါအခမ်းအနားကို တာဝန်ရှိခေါင်းဆောင်များ၊ ကျောင်းသူကျောင်းသားများနှင့် ပြည်သူလူထု စုစုပေါင်း ၄၀၀ ခန့် ပါဝင်တက်ရောက်ခဲ့သည်။
ကရင်လက်ချည်ပွဲအခမ်းအနားတွင် အစီအစဉ် ၂ ပိုင်းဖြင့် ကျင်းပပြုလုပ်ပြီး ပထမ တစ်ပိုင်းတွင် ကရင်ရိုးရာ လက်ချည်ပွဲသီချင်းဖြင့် သီဆိုဖွင့်လစ်ကာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ တက်ရောက်လာသော တာဝန်ရှိခေါင်းဆောင်များမှ အားပေးစကားပြောကြား ခြင်း၊ အစီအစဉ်ပထမပိုင်းကို ကရင်အမျိုးသားသီချင်းဖြင့် နိဂုံးချုပ်ခဲ့သည်။
ဒုတိယ အစီအစဉ်အနေဖြင့် ကရင်ရိုးရာ ယဉ်ကျေးမှုပြဇာတ်၊ ကရင်ရိုးရာသီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခြင်း နှင့် ကရင်ရိုးရာလက်ချည်ပွဲ ဖြစ်ပေါ်လာပုံအကြောင်းကို ကရင်လက်ချည်ပွဲအခမ်းအနားဖြစ်မြောက်ရေးကော်မတီ စောဘလောစေးမှ ရှင်းပြပြီး ကရင်လက်ချည်ပွဲအခမ်းအနားကို တစ်ဦးနှင့်တစ်ဦး ဆုတောင်း မေတ္တာပို့ခြင်းဖြင့် အစီအစဉ်အား ပိတ်သိမ်းခဲ့သည်။