Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

မူးမြို့နယ် နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီ မှ ရုံးလုပ်ငန်းဆိုင်ရာသင်တန်းအားကျင်းပ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၌ မြို့နယ် နိုင်ငံရေးနှင့်စည်းရုံးရေး ကော်မတီမှဦးဆောင်၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၄ရက်နေ့အထိ ကျေးရွာအဆင့် ရုံးလုပ်ငန်းဆိုင်ရာ သင်တန်းအား မူးမြို့နယ် မြို့နယ်ရုံး၌ (၉) ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ လမ်းစဉ်လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ မီဒီယာနှင့် ခေါင်းဆောင်မှုသင်တန်းများအား သင်ကြားပေးခဲ့ ပြီး အဆိုပါသင်တန်းသို့ မြို့နယ်ဌာနအဖွဲ့ဝင်များ၊ ရုံးလုပ်သားများ၊ နယ်မြေရုံးတာဝန်ခံများ၊ကျေးရွာအုပ်စုအတွင်းရေးမှူးများနှင့် ရုံးစာရေးများ စုစုပေါင်း (၃၂) ဦးတက်ရောက်ခဲ့သည်။