စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး စီမံအုပ်ချုပ် နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းသို့ လေယာဉ်နှစ်စင်း ဖြင့် လာရောက် ပစ်ခတ်

ဩဂုတ်လ(၈)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ ယနေ့နံနက် (၁၀) နာရီကျော်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းသို့ လေယာဉ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ပါသည်။ လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်။ ထိုသို့လေယာဉ်ဖြစ်ပစ်ခတ်ခြင်းမတိုင်မီ ၇.၈.၂၀၂၂ ခုနှစ် ညနေ (၄)နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဒိုးဒါးတာစုံမှ ကျောက်စရစ်ကျေးရွာသို့ ဝင်ရောက်လာခဲ့သောက... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၂၀၂၂ ခုနှစ် ဇူလိုင်လ တိုက်ပွဲသတင်းအနှစ်ချုပ်

သြဂုတ်လ (၉)ရက် ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို။ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တပ်တို့အကြား ထိတွေ့ပစ်ခတ်မှု နေ့စဥ်ဖြစ်ပွားခဲ့ပါသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် နှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ စစ်ရေးလှုပ်ရှားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဥ်ဆက်မပြတ် ပြုလုပ်နေသောကြောင့် နယ်မြေ၊ ပြည်သူလူထု၏ လုံခြုံရေး နှင့် အသက်အိုးအိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အ မျိုးသားကာကွယ်ရေးတပ် (KNDO) တို့သည်လည်း စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ခုခံလှုပ်ရှားခဲ့ရပါသည်။ ကေအဲန်ယူ - ဒူးသထူခရိုင် တပ်မဟာ - ၁ နယ်မ... ...

ဆက်ဖတ်ရန်
သတင်းများ
အင်းပရိကူးတို့ဆိပ်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ထောင်ထားသည့် မြေမြှုပ်မိုင်းကို ကျေးရွာ ပြည်သူလူထု တစ်ဦး ဆိုင်ကယ်ဖြင့် နင်းမိ

ဇူလိုင်လ(၂၅)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊အင်းပရိကူးတို့ဆိပ်တွင် ကျေးရွာပြည်သူလူထုတစ်ဦး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြှုပ်မိုင်းကို ဆိုင်ကယ်ဖြင့်နင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အင်းပရိကူးတို့ဆိပ်၌ အသက် (၃၈) နှစ်ရှိ လိန်ပင်ဝဲကျောင်းစု ကျေးရွာသား မောင်ရဲမင်းထက်သည် ဆိုင်ကယ်ဖြင့် မိုးနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညောင်လေးပင်ဆေးရုံသို့ ဆေးကုသမှုခံယူခဲ့သည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကို တစ်ဖက် ကမ်းသို့ မကူးနိုင်ရန်အတွက် ကူးတို့ဆိပ်များတွင် မြေမြှုပ်မိုင်းများ ထောင်ရခြင်းဖြစ်သည်။ ထို့ကြောင့် ဇွန်လ(၁၁)ရက်နေ့မှစပြီး အာဏာသိမ်အကြမ်းဖက် စစ်ကောင်စီမှ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် နေအိမ်တစ်လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့

ဇူလိုင်လ (၂၄) ရက်၊ ၂၀၂၂ ခုနှစ်ကေအဲန်ယူ-ဗဟိုဇူလိုင်လ (၂၂) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ မှ ကေ အဲန်ယူ-ညောင်လေးပင်ခရိုင်,မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အပြင် နေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ တပ် ခမရ (၅၉၀) မှ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကော့ပြင်းကျေးရွာသို့ဝင်ရောက်လာပြီးနောက်ည (၈) နာရီအချိန်ခန့် တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်း (၁၅) ချက်နီးပါး ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံအတွင်းသို့ ပစ်ခတ်ခဲ့သည်။ယင်းနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏တပ်များမှ ကော့ပြင်း (၂) ရပ်ကွက်တွင် နေထိုင်သည့် ကျေးရွာသား တစ်ဉီးဖြစ်သည့် ကိုထွေးထွေး ၏နေအိမ်တစ်လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့သည်။ထိုသို့ပစ်ခတ်မှုကြောင့်မကြာသေးမီကမှ ကျေးရွ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ တပ်များမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် ပြည်သူလူထုပေါင်း (၁၆၀၃၆) ဦးစစ်ဘေးရှောင်နေရ

ဇူလိုင်လ(၂၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အ တွင်းတွင်ဇူလိုင်လ (၁၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ် ကောင်စီတပ်၏ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ပြီး ကျောက်ကြီးမြို့ ကေအဲန်ယူ-ဆက်ဆံရေးရုံးတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ဆက်ဆံရေးရုံး၏ ဖုန်းတလုံးကို ယူသွားခဲ့သည်။ ဆက်ဆံရေးရုံးအတွင်းသို့ ဝင်ရောက်မွှေနှောက် ‌သွားသည့် စစ်ကောင်စီတပ်များမှာ ခလရ-၆၀၊ လဝက၊ မီးသတ်တပ်ဖွဲ့နှင့် ရဲများ ပူးပေါင်းပြီး အခန်းသော့နှင့် သေတ္တာသော့များကို ရိုက်ချိုးခဲ့ပြီး မွှေနှောက်ခဲ့သည်။ ထို့အပြင် (၁၀)နာရီ (၁၉)မိနစ်အချိန်တွင် မမယမ်းကျေးရွာအနီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ - ၉၉၊ ခမရ-၅၉၉၊ ခမရ-၆၀၃၊ ခမရ-၃၅၀ နှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း (၉) တို့ကြား ထိပ်တိုက် တိုက်ပွဲတစ်ကြိမ်... ...

ဆက်ဖတ်ရန်
သတင်းများ
ညောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ (BGF) တပ်မှ စခန်းတိုးချဲ့တည်ဆောက်ရန် သစ်လုံးများ အဓမ္မတောင်းယူ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ရက်၊ ကေအဲန်ယူ-ဗဟိုဇူလိုင်လ (၁၇) ရက်နေ့က ကေအဲန်ယူ-ဖားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာအတွင်း တပ်စွဲထားသော (BGF ၁၀၁၄) လက်အောက်ခံ တပ်မှ စခန်းတိုးချဲ့တည်ဆောက်ရန်အတွက် လိုအပ်သော သစ်လုံးများကို ကျုံမသွယ်ကျေးနယ်အုပ်စုရှိ ဘန့်ဘွေးကုန်း၊ ရွှေလူနှင့် တော်သလေးခို ကျေးရွာများရှိ ပြည်သူများထံ အဓမ္မတောင်းယူခဲ့သည်။ဇူလိုင်လ (၁၇) ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ (BGF ၁၀၁၄) တပ်သည် ဘန့်ဘွေးကုန်း၊ ရွှေလူနှင့် တော်သလေးခို ကျေးရွာပြည်သူများမှ (၂) ထွာပတ်လည်နှင့် အရှည် (၆) တောင်ရှိ သောသစ်လုံးများကို တစ်အိမ် လျှင် သစ်တစ်လုံး ၎င်းတို့ကိုပေးရန် တောင်းယူခဲ့ခြင်းဖြစ်သည်။ယခုကဲ့သို့ ညောင်ကုန်း (BGF) ဂိတ်မှ ကေအဲန်ယူဖားအံမြို့နယ်အတွင်းရှိဒေသခံလူထုထံ သစ်၊ ဝါးများ အဓမ္မတောင်းယူခြင်းသည် ပထမဆုံးအကြိမ်မဟုတ်တော့ပဲ (၂၀၂၁) ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့ တွင် (၁) ကြိမ်၊ (၂၀၂၂) ခုနှစ် မတ်လ (၃) ရက်န... ...

ဆက်ဖတ်ရန်