စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ- ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ရက် ကေအဲန်ယူ - ဗဟိုကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ရမ်းသမ်း ပစ်ခတ်နေမှုများကြောင့် ဇီးပြောင်းကျေးနယ်အုပ်စုနှင့် ပျဥ်းကတိုး ကုန်း ကျေးနယ်အုပ်စုများရှိ ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီ သိမ်ဇရပ် အမြောက်တပ်မှ လက်နက်ကြီး (၁၂၀မမ) များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဇီးပြောင်းကျေးနယ်အုပ်စုရှိ ကညင် အိုင်၊ ကျောက်ရေတွင်း၊ ဇီးပြောင်းကျေးရွာများမှ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ၇မိနစ်ကလည်း ပျဥ်းကတိုးကုန်းကျေးနယ် ရွှေဖြူအနီးတွင် အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီး (၈၁မမ)များဖြင့် ၃ ချက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံ များအား ထိခိုက်မှု တစ်စုံတစ်ရာ မရှိသေးသော်လည်း စစ်ကောင်စီဖက်မှ ယခုကဲ့သိ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ-သထုံခရိုင်၊ အမှတ်(၁)တပ်မဟာ အုပ်ချုပ်နယ်မြေထဲ၌ ဖြစ်ပွားခဲ့သော (၆)လအတွင်းတိုက်ပွဲသတင်း

၂၀၂၂ ခုနှစ်၊ ဇူလိုင်၉ရက်၊ ကေအဲန်ယူ ဗဟိုကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ အမှတ်(၁)တပ်မဟာ အုပ်ချုပ်နယ်မြေထဲ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်းတိုက်ပွဲသတင်းများကို KNLA တပ်မဟာ ဌာနချုပ်ရုံးမှ စာရင်းပြုစုထားသည်။ ဇန်နဝါရီလမှ ဇွန်လအတွင်း နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်းစစ်ကောင်စီ တပ်များနှင့် ကေအဲန်ယူ-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ လက်အောက်ခံတပ်များအကြား ထိတွေ့ပစ်ခတ်မှု တိုက်ပွဲပေါင်း (၂၀၉)ကြိမ်ဖြစ်ပွားခဲ့သည်။(၆)လအတွင်း နှစ်ဖက်ပစ်ခတ်မှုများ၌ အာဏာသိမ်းစစ်ကောင်စီဖက်မှ (၄၄၅)ဦးသေဆုံးကာ (၃၂၂)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး KNU ဆီသို့ လက်နက်ချအလင်းဝင်လာသူ (၃)ဦးရှိသည်။(၆) လအတွင်း KNLA/KNDO နှင့် ပူးပေါင်းတပ်များမှ သူရဲကောင်း (၇)ဦး အသက်စတေးခဲ့ရကာ (၈)ထိခိုက်ဒဏ်ရာရခဲ့သည်။ ...

ဆက်ဖတ်ရန်
သတင်းများ
ဒေသခံကရင်အရပ်ဖက်လူမှုရေးရာ အဖွဲ့ နှင့် မုန်းမြို့နယ် ကျန်းမာရေးကော်မတီတို့ မှ တိမ်းရှောင်နေရသူများအတွက် လိုအပ်သည့်စားနပ်ရိက္ခာအချို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ပြုလုပ်ပေးခြင်း

ဇူလိုင်လ (၇) ရက်၊၂၀၂၂ ခုနှစ်ကေအဲန်ယူ-ဗဟိုပြီးခဲ့သည့် ဇူလိုင်လ (၅) ရက်နေ့တွင် ကေအဲန်ယူ-မုန်းမြို့နယ် နှင့်ကျောက်ကြီးမြို့နယ်အတွင်းရှိ တိမ်းရှောင်နေရသူများကို ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့နှင့် ကေအဲန်ယူ-မုန်းမြို့နယ် ကျန်းမာရေးကော်မတီအဖွဲ့တို့မှ စားနပ်ရိက္ခာအချို့နှင့်ဆေးဝါး စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ပြုလုပ် ​ပေးခဲ့ကြသည်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် နှင့် ကျောက်ကြီးမြို့နယ်တို့၏စီမံအုပ်ချုပ်မှုနယ် မြေ အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ တပ်အင်အားတို့းချဲ့မှုနှင့် အတူ တိုက်ပွဲများပြင်း ထန်လျက်ရှိသည့်အပြင် တစ်ဖက်တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။တိမ်းရှောင်နေရသည့် အများစုမှာ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၏နေအိမ် များကို ဖောက်ထွင်းဖျက်ဆီး၍ ပစ္စည်းများကိုသိမ်းယူခြင်း

ဇူလိုင်လ (၇) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ-ဗဟိုကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်း ထွက်ပြေး တိမ်း ရှောင်နေကြရသည့် ပြည်သူများ၏နေအိမ်များ ကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ဖောက် ထွင်းဖျက်ဆီး၍ ပစ္စည်းများကို သိမ်းယူမှုများရှိခဲ့သည်။ ပြီးခဲသည့်ဇူလိုင်လ(၂)ရက်နေ့မှစ၍ ကေအဲန်ယူ-မုန်းမြို့နယ်၏စီမံအုပ်ချုပ်မှုနယ်မြေ အတွင်း ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း(၅)ခု တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာများအတွင်သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း လေယာဉ်ဖြင့် ထောက်လှမ်း ခြင်းတို့ကြောင့် ဒေသခံများ ကြောက်လန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသူများထဲမှ တပ်ကုန်းကျေးရွာနေထိုင်သူတစ်ဦး၏ ဆိုင်ထဲသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ဖောက်ထွင်း ဖျက်ဆီးကာ ဆိုင်အတွင်းရှိ (၁၇)သိန်းတန် ကွန်ပျူတာ တစ်လုံး၊ (၃၅၀၀)တ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ရွှေကျင်မြို့နယ် ရွှေကျင်ချောင်း ၊ ကတက်ချောင်း နှင့် မဒမချောင်း အနီးနေထိုင်သည့် ဒေသခံ ပြည်သူများအား ကုန်းလမ်းကြောင်းဖြစ်စေ၊ ရေလမ်းကြောင်း ဖြစ်စေ ခရီးသွားလာရေးတွင် ခက်ခဲအောင်ပြုလုပ်။

ဇူလိုင်လ ၆ ရက် ၂၀၂၂ ခုနှစ်ကေအဲန်ယူ ဗဟိုယနေ့  ၂၀၂၂ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့ နံနက် (၈းဝဝ) နာရီ မှ (၁၁းဝဝ) နာရီ တွင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ခမရ(၅၈၉) တပ်ရင်း မှ ဗိုလ်မှူး​အေးချမ်းအောင် ဦးဆောင် သည့် တပ်ဖွဲ့ဝင်အင်အား(၄)ဦး သည် လက်နက်အပြည့်အစုံဖြင့် ရွှေကျင်မြို့နယ် ပျဥ်းမပင် ရပ်ကွက်တွင်နေထိုင်သော စက်လှေမောင်းသည့် ဒေသခံ ပြည်သူများအား ပျဥ်းမပင်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်သည်။ အဆိုပါအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ စက်လှေမောင်းသည့်ပြည်သူများအား ကုန်းလမ်းဖြစ်စေ၊ ရေလမ်းဖြစ်စေ ရိက္ခာတင်ဆောင်ခြင်းနှင့် ခရီးသွားလာရာတွင် စကစ၏ ထောက်ခံစာဖြင့် အသွားအလာ ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် အမိန့်ဖေါက်ဖျက်ကျူးလွန်သည့်ပြည်သူများအား စစ်ဆေး တွေ့ရှိပါက တင်ဆောင်လာသည့် ပစ္စည်းများ သိမ်းဆည်းမည်ဖြစ်ကြောင်းနှင့် စစ်ရေးအရ အရေးယူမည် ဖြစ်ကြောင... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ၏ (၆) လ အတွင်း တိုက်ပွဲသတင်းချုပ်

၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ ကေအဲန်ယူ−ဗဟိုကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ပါ သည်။ ၂၀၂၂ခုနှစ်၏ (၆) လ အတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းတွင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၂၆၈၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းစစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များဘက်မှ (၂၂၀၈) ဦး သေဆုံးပြီး (၁၅၄၅) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါ သည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၈၄) ဦးအသက်စွန်ခဲ့ပြီး (၁၇၅) ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါသည်။ စစ်ကောင်စီတပ်များ၏ လေက... ...

ဆက်ဖတ်ရန်