လက်ရှိအချိန်တွင် ကရင်ပြည်နယ်နေရာအနှံအပြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထား ကာ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ နှင့် စစ်ရှောင် ပြည်သူလူထုများ နေထိုင်ရာ နေရာ ဒေသများအတွင်းသို့ လက်နက်ကြီးများ၊လေယာဉ်များတို့ဖြင့် ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိသည်။
သတင်းမီဒီယာများ ဒေသတွင်းတက်ကြွလှုပ်ရှားသူများအနေဖြင့် သတင်းရယူ တင်ဆက်ရာတွင် ပြည်သူ လူထုများ ပုန်းရှောင် နေထိုင်သော နေရာများအား အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အလွယ် တကူရှာဖွေပြီး လေကြောင်းတိုက်ခိုက်မှုများ၊လက်နက်ကြီးတိုက်ခိုက်မှုများ မပြုလုပ်နိုင်ရန်အတွက် သတိထား တင်ဆက် ပေးပါရန် အသိပေးပန်ကြားအပ်ပါသည်။
ထို့အပြင် မိဘပြည်သူလူထုများအနေဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်သော အဆောက်အဦးများ အဝေးတွင် နေထိုင်ရန်နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများ အတွင်းသို့ အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် အသိပေး ပန်ကြားအပ်ပါသည်။