စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
၂၀၂၄ ပထမ (၆) လတာ တိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၉၀၃) ဦးခန့် အသက် သေဆုံးခဲ့ရပြီး (၁၂၇၅) ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ရ

ဇူလိုင်လ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ များအတွင်း သို့ ကျူးကျော် ဝင်ရောက် တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၁၈၂၇) ပွဲခန့် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၁၉၀၃) ဦးခန့် အသက် သေဆုံးခဲ့ရပြီး (၁၂၇၅) ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ရသည်။
ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ (၈၁) ဦးခန့်မှာ တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးလှူခဲ့ရပြီး (၂၉၈) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသည်။