Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အကြမ်းဖက် စစ်အာဏာသိမ်းကောင်စီ ဖမ်းသွားတဲ့အရပ်သား ၆ ဦး က ၅ ဦးလွတ်လာပြီး ၁ ဦးကျန်

September 1, 2021
သြဂုတ်လ ၃၁ ရက်နေ့  မနက် (၈း၅၄) မိနစ်အချိန် အကြမ်းဖက်စစ်အာဏာသိမ်းကောင်စီ ခလရ ၆၀ ဦးစီးသူ ဗိုလ်ကြီးအဆင့်ရှိ ဇေယျာလင်းအား ရေလဲရွာသား ၆ ဦးကို ဖမ်းစီးခဲ့ပြီး ညနေပိုင်းတွင် ရွာသား ၅ ဦးကို လွတ်ပေး ပြီး တစ်ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်။ ကျန်ခဲ့သူတစ်ဦးက ဦးမြင့်ရွှေ ဖြစ်ပါသည်။
ဦးမြင့်ရွှေသည် အရပ်သားတစ်ဦးဖြစ်ပြီး ကျန်ပန်းအလုပ် လုပ်ကိုင်စားသောက်သူတစ်ဦးဖြစ်ပြီး အခုအချိန်အထိ ခလရ ၆၀ မှ ခေါ်ထားခဲ့ကြောင်း သိရသည်။
မုန်းမြို့နယ် ငထွေစုပ် နှင့် သူဌေးကုန်းမှာ ခလရ (၃၄၉) က လမ်းကင်းချပြီး ပြည်သူသွားလာတာကို စစ်ဆေးမေးမြန်းပြီး ထောက်ခံစာနှင့် လူမျက်နာပါ စစ်ဆေးပါသည်။