Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ပယီၤသုး ခးသဝီဖိလၢ စနဲးဖၢၣ်


၁ ရက် စက်တင်ဘာလ ၂၀၂၁ ခုနှစ် ကေအဲန်ယူ ( ဗဟို )

၂၀၂၁ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၈း၄၅ မိနစ်အချိန်တွင် မူတြော်ခရိုင် လူသောမြို့နယ် စောမူပလောဒေသ ဝါကလူတူရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ ခမရ - ၂၀ အဖွဲ့တို့သည် ရွာသူရွာသားများကို စနိုက်ပါဖြင့် ၅ ချက် ပစ်ခတ်ခဲ့ပါသည်။
အကြမ်းဖက်စစ်အုပ်စုမှ ပစ်ခတ်ခံရသောရွာသူရွာသားများမှာ စောလိုဘူး၊ စောလှယွယ်မူး၊ နော်ပလောစေး၊ စောပယ်ရေဟဲ၊ စောလော်လယီ၊ စောတို့မယ်၊ စောဟဲသာလေးဖူး နှင့် စောတပီး တို့ဖြစ်ကြသည်။ ထိုသူတို့သည် လုပ်ငန်းခွင်၌ အလုပ် လုပ်နေစဥ် ပစ်ခတ်ခံရခြင်းဖြစ်သည်။
" ဤသို့ အကြမ်းဖက်စစ်တပ်အဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်သောကြောင့် ကျမတို့လဲ ကမန်းကတမ်း ထွက်ပြေးခဲ့တဲ့ရအပြင် ကြောက်လန့်မှုလဲအများကြီးဖြစ်ခဲ့တယ်" လို့ အပစ်ခံရသောရွာသူရွာ သားများထဲမှ
နော်ပလောစေးက ဆိုပါသည်။
အကြမ်းဖက်စစ်အုပ်တို့သည် စစ်ရေးလှုပ်ရှားပြီး ရွာသူရွာသားများ၏ လုပ်ငန်းခွင်ထဲသို့ သေနတ်များကို ရမ်းသမ်းပစ်ခတ်ကြသောကြောင့် ရွာသူရွာသားများ လုပ်ကိုင်စားသောက်ရန်အတွက် အခက်အခဲများစွာကို ဖြစ်ပေါ်စေပါသည်။