Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ကေအဲန်ယူ - မူတြော်ခရိုင်ဌာနချုပ်ကို လေယာဥ်ဖြင့် လာရောက်ပစ်ခတ်

၂၈ မတ်လ ၂၀၂၁ ခုနှစ် သူးလေသတင်းစဥ်

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ည ၇ နာရီ မှ နံနက် ၂ နာရီအထိ လေယာဥ် ၂ စင်း ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ ပစ်ခတ်ရာတွင်

နေအိမ်တစ်လုံးမီးလောင်ပျက်စီး၍ ထိုအိမ်အတွင်းတွင်နေထိုင်သောသူသည်လဲထိခိုက်သေဆုံးပြီးမီးလောင်ကျွမ်းခဲ့သည်။

ထို့ပြင် အခြားသော ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှုများလဲရှိခဲ့ပါသည်။