Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
KNLA Brigade 1 and Tamadaw fighting on March 9, 2021

၂၀၂၁၊ မတ်လ ၉ ရက်၊ သထုံခရိုင်
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ သထုံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၁) မှ ၎င်းတို့ခရိုင်အတွင်းတပ်စွဲထားသော မြန်မာအာဏာသိမ်း တပ်မတော် (ခလရ-၂၀၄ တပ်ရင်း နှင့် ခလရ-၂၀၅ တပ်ရင်း) များအား နံနက် ၅း၀၀ အချိန်တွင်လည်းကောင်း၊ (ခမရ-၁၁၈ တပ်ရင်း) အားနံနက် ၇း၀၀ နာရီခန့်တွင်လည်းကောင်း၊ လေ့ကျင့်ရေး (၉) အလံတစ်ရာ) အား ၇း၄၅ မိနစ်တွင်လည်းကောင်း၊ (မြန်မာ့အာဏာသိမ်း တပ်မတော် တပ်မ ၄၄ ဌာနချုပ်အနီးမှ အမြှောက် တပ်ရင်း) အား နံနက် ၇း၀၀ နာရီခန့်တွင်လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့နောက်နံနက် ၁၁:၁၅ မိနစ်အချိန်တွင်မြန်မာ အာဏာသိမ်းတပ်မတော်မှ ကေအဲန်ယူ-ဘားအံမြို့နယ်၊ ညောင်ကုန်းရွာသစ်ရှိ KNLA-တပ်ရင်း (၁)၊ တပ်ခွဲ (၁) အား ဝင်ရောက် တိုက်ခိုက်သောကြောင့် အပြန်အလှန်ပစ်ခတ်ကြရာ အာဏာသိမ်းစစ်တပ်မှ (၃) ဦးကျဆုံးခဲ့ပြီး KNLA မှ ထိခိုက်မှုမရှိသော်လည်း တပ်ခွဲစခန်းအားစွန့်လွှတ်ခဲ့ရပြီး အာဏာသိမ်းတပ်မတော် အမြှောက်တပ်ရင်း မှလည်း (၂) ဦးကျဆုံးခဲ့၍ ယနေ့တွင် အာဏာသိမ်းတပ်မတော်မှ စုစုပေါင်း (၅) ကျဆုံးခဲ့သည်။

ကေအဲန်ယူ-သထုံခရိုင်၊ KNLA-တပ်မဟာ (၁) အနေဖြင့်လက်ရှိတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်၍ CDM တွင်ပါဝင်လာသော ပြည်တွင်းမှ ပြည်သူများကို လုံခြုံရေးအတွက် မိမိတို့နယ်မြေ တွင်ခိုလှုံခွင့် ပေးထားပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုက်နေကြသော ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ဆက်လက်ပြုလုပ်လာပါက ကေအဲန်ယူ-တပ်မဟာ (၁) အနေဖြင့် မြန်မာ့တပ်မတော်၏ အာဏာသိမ်း ယူမှုအား ဆန့်ကျင်၍ ပြည်သူလူထုအတွက် နည်းလမ်းရှာကာ ရပ်တည်ရင်း ကာကွယ်စောင့်ရှောက် သွားမည်ဟု သိရသည်။