Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
Civilian Demostration in KNU brigade 1 (24.1.2021)

၂၄ ဇန်နဝါရီ ၂၀၂၁
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန်အတွက် ကေအန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ ၁
သထုံခရိုင် ဘီးလင်းမြို့နယ်မှ မြစ်ကျိုးကျေးရွာအုပ်စု၊ တာအုခီးကျေးရွာအုပ်စု နှင့် ကြိုးဝိုင်းကျေးရွာအုပ်စုများအတွင်းရှိ ဒေသံပြည်သူလူထုများသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လူဦးရေ တစ်ထောင်ကျော်ခန့်ဆန္ဒထုတ်ဖော်ထုတ်မှုပြုလုပ်ခဲ့ကြပါသည်။
ဆန္ဒဖော်ထုတ်သော ဒေသခံပြည်သူလူထုတို့၏ ကြွေးကြော်သံ များမှာ -
(1) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ အချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး
(2) နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောက်ရွက်ရေး
(3) ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခများ အလိုမရှိ
(4) ကျေးရွာအတွင်းတပ်စွဲထားသည့်တပ်စခန်းများ အလိုမရှိ
(5) အောက်ခြေတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အစိုးရမှ ညိုနိုင်းဖြေရှင်းပေးရေး
(6) နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး
စသည်တို့ဖြစ်သည်။