Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
Karen People Minister Naw Pweh Say contribute aids for kare people who flee from their home.

ဇန်နဝါရီလ (၂၀) ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်
ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးမှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဗမာ့တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းကားပစ်ခတ်မှုကြောင့် စိုးရိမ်ကြောက်ကြပြီး ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူလူထုများအတွက် အစားအသောက်၊ ဆေးဝါးပစ္စည်းများ၊ စောင်နှင့် အနွေးထည်များကို ယနေ့ နေ့လည် (၁၂) နာရီအချိန်၌ ကျောက်ကြီးမြို့ ဆက်ဆံရေးရုံးတွင် ကရင်ဒေသခံလူမှုရေးရာကော်မတီသို့ တိုက်ရိုက်ပေးအပ်ခဲ့သည်။
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "ဒီကိစ္စနှင့်ပတ်သက်ပြီး ဆက်ဆံရေးရုံးက အသိပေးပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကရင်တိုင်းရင်းသားရေးရာဝန်ကြီးမှ စစ်ဘေးရှောင်ပြည်သူလူထုကို ကူညီမယ်လို့ပြောပါတယ်။ ဒီကိစ္စအပေါ်မှာ ထွေထွေထူးထူးပြောစရာမရှိဘူး။ ဒါကစစ်ဘေးရှောင်။ သဘာဝဘေးတော့ မဟုတ်ဘူး။ လူလုပ်တဲ့ဘေး။ လူဆိုတော့ ခြေတွေ၊လက်တွေပါတယ်။ ခြေတွေ၊လက်တွေပါတော့ သူတို့ကန့်သတ်တဲ့ ဥပဒေမရှိရင် ခဏခဏလှူကြရမှာပေါ့။ လှူတာက အစိုးရဝန်ကြီး၊ သွားပြီးကျူးလွန်သူတွေက ခြေတွေလက်တွေပါတော့ နောက်ဘယ်လောက်နှစ်ကြာကြာ လှူနိုင်ကြမလဲဆိုတာ စဉ်းစားကြပေတော့" ဟုပြောသည်။
အဆိုပါလှူဒါန်းပွဲသို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဆက်ဆံရေးရုံးမှ ဒုတိယတာဝန်ခံ စောသိုးမားနှင့် တာဝန်ရှိသူများ၊ ကရင်လူမှုရေးရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။