စက်တင်ဘာ (၆)ရက် ၊ ၂၀၂၁ ခုနှစ်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ဘောကထာအုပ်စု ကုန်းမြင့်သာယာ ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ (စကစ) ရဲတပ်ဖွဲ့အား စက်တင်ဘာ (၄) ရက်နေ့ နှင့် (၅) ရက်နေ့ ပြည်သူ့အပေါ်အာဏာသုံးပြီး စခန်းခြံစည်းရိုး ကာခိုင်းသည်ကို ဒေသခံတစ်ဦးထံသတင်းရရှိ ပါသည်။စက်တင်ဘာ(၄)ရက်နေ့တွင် ကုန်းမြင့်သာယာကျေးရွာအတွင်းရှိ ရဲမှူးဇင်ဟိန်းထွဋ်က ဦးဆောင်ပြီး အနီးနာရှိပြည်သူများကို အာဏာသုံးပြီးခေါ်တွေ့ကာ စခန်းကိုသံဆူးကျိုးဖြင့်ကာခိုင်းနေသည်။ထိုသံဆူးကျိုးဖြင့်ကာထားသောစခန်းကို စက်တင်ဘာ (၅) ရက်နေ့မှာ ဖြုတ်ခိုင်းပြီး အုတ်ဖြင့် အသစ် ပြန်ကာပေးခိုင်းသည်ကို အမည်မဖေါ်လို ဒေသခံတစ်ဦးထံသတင်းရရှိခဲ့သည်။လတ်တစ်လောအချိန်တွင် ပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါကို ကူးစက်ဖြစ်ပွားမှာကို စိုးရိမ်သဖြင့် ဤပြုလုပ်ခြင်းကြောင့် ပြည်သူ့အတွက် ဘဝလှုံခြံမှုနှင့် လူအခွင့်အရေးကို အာဏာသိမ်းစစ်ကောင်စီ အုပ်စု(စကစ) ချိုးဖေ... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ၄၊ သထုံခရိုင် လေးကေကျေးရွာ ဖက်သို့ ဦးတည်မောင်းနှင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၊ စကခ(၈) ပိန္နဲတောစခန်း စစ် ကား(၄)စီးအား ကေအဲန်ယူ-ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးနယ် အုပ်စုအတွင်း၌ KNLAမှ ဆွဲမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဖက်မှ ကား၂စီးပျက်စီးခဲ့ပြီး တပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည်။ "မနေ့က ညနေ၃နာရီ၄၀မှာ ပိန္နဲတောက အရပ်သားကား၄စီးနဲ့ လေးကေဖက်ကို မောင်းတက်လာတယ်လို့ သတင်းရတယ်၊ ကိုယ့်နယ်မြေထဲဝင်လာတော့ ပြည်သူလူထုလုံခြုံရေးအတွက် ကာကွယ်ရမှာပဲ"ဟု KNUတာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါ စစ်ယာဥ်တန်း အဆင်ပြေချောမွေ့စွာ ရောက်ရှိလာနိုင်ရေးအတွက် စက်တင်ဘာ၃ရက်နေ့ နံနက်၈နာရီခွဲခန့်ကပင် ဝင်းတာပန် BGFစခန်းမှ စကခ(၈) လက်အောက်ခံတပ်ရင်း(၄၀၆) စစ်ကြောင်း-၂ မှူးကျော်ထွဋ်ငြိမ်းဦးဆောင်သည့် အင်အား၃၅ဦးပါအဖွဲ့နှင့် BGF-၁၀၁၄၊ တပ်ခွဲ(၃) တပ်ကြပ်... ...
၂ ရက် စက်တင်ဘာလ၂၀၂၁ ခုနှစ် ကေအဲန်ယူ - ဗဟို၂၀၂၁ ခုနှစ် သြဂုတ်လ တစ်လတာအတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေများဖြစ်ကြသော ဒူးသထူခရိုင် တပ်မဟာ ၁ ၊ တောင်ငူခရိုင် တပ်မဟာ ၂ ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ၊ မူတြော်ခရိုင်တပ်မဟာ ၅ ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ စသည့်နယ်မြေများအတွင်း၌ အာဏာသိမ်းစစ်ကောင်စီ ၏ စစ်တပ်တို့သည် စစ်ရေးလှုပ်ရှားမှုများပြုလုပ်သောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့နှင့် ထိတွေကာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါသည်။ဒူးသထူခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေတွင် ( ၂၄ )ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေတွင် ( ၆ )ကြိမ်၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွင် ( ၂ )ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် ( ၁၈၁ ) ကြိမ်၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် ( ၄ )ကြိမ် စသည့် သြဂု... ...
2 Setember 2021 KNU - HQ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ စစ်တပ် ၊ ရဲ နှင့် ဒလန်များပူးပေါင်း၍ ကေအဲန်ယူ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် ကွင်းဆိပ်ကျေးရွာမှ ပြည်သူလူထုများ၏ တိရိစ္ဆာန်များ အတင်းအဓမ္မလုယူခဲ့ကြောင်းကို ဒေသခံတစ်ဦးပြောကြားခဲ့ပါသည်။အာဏသိမ်းအကြမ်းဖက်အဖွဲ့မှ ဝေဖြိုးအောင် ဦးဆောင်သော ခလရ ၂၆၄ အဖွဲ့သည် ရဲများ၊ ဒလန်များနှင့် ပူးပေါင်း၍ ကွင်းဆိပ်ကျေးရွာမှ ပြည်သူလူထု၏ ကျွဲ ၊ နွား နှင့် ဆိတ်များကို ဖမ်းဆီးကာ ၎င်းတို့၏ တပ်စခန်းအတွင်းသို့ ယူဆောင်သွားခဲ့ကြပြီး ကျွဲ နှင့် နွားများကို တစ်ကောင် ကျပ်ငွေ ၁၀၀၀၀၀ ( တစ်သိန်း ) နှင့် ဆိတ်များကို တစ်ကောင် ၅၀၀၀၀ ( ငါးသောင်း )ဖြင့် ပြန်လည် ရွေးယူရမည့်အကြောင်းကို အမည်မဖော်လိုသည့် ဒေသခံ တစ်ဦး က ပြောပြခဲ့ပါသည်။အာဏာသိမ်းအကြမ်းဖွဲ့တို့သည်ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်း၌ လှုပ်ရှားသွားလာကာ ဥယာဥ်ခြံပိုင်ရှင်များကို ရှာဖ... ...
၁ ရက် စက်တင်ဘာလ ၂၀၂၁ ခုနှစ် ကေအဲန်ယူ ( ဗဟို )၂၀၂၁ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၈း၄၅ မိနစ်အချိန်တွင် မူတြော်ခရိုင် လူသောမြို့နယ် စောမူပလောဒေသ ဝါကလူတူရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ ခမရ - ၂၀ အဖွဲ့တို့သည် ရွာသူရွာသားများကို စနိုက်ပါဖြင့် ၅ ချက် ပစ်ခတ်ခဲ့ပါသည်။အကြမ်းဖက်စစ်အုပ်စုမှ ပစ်ခတ်ခံရသောရွာသူရွာသားများမှာ စောလိုဘူး၊ စောလှယွယ်မူး၊ နော်ပလောစေး၊ စောပယ်ရေဟဲ၊ စောလော်လယီ၊ စောတို့မယ်၊ စောဟဲသာလေးဖူး နှင့် စောတပီး တို့ဖြစ်ကြသည်။ ထိုသူတို့သည် လုပ်ငန်းခွင်၌ အလုပ် လုပ်နေစဥ် ပစ်ခတ်ခံရခြင်းဖြစ်သည်။" ဤသို့ အကြမ်းဖက်စစ်တပ်အဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်သောကြောင့် ကျမတို့လဲ ကမန်းကတမ်း ထွက်ပြေးခဲ့တဲ့ရအပြင် ကြောက်လန့်မှုလဲအများကြီးဖြစ်ခဲ့တယ်" လို့ အပစ်ခံရသောရွာသူရွာ သားများထဲမှ နော်ပလောစေးက ဆိုပါသည်။အကြမ်းဖက်စစ်အုပ်တို့သည် စစ်ရေးလှုပ်ရှားပြီး ရွာသူရွာသားများ၏ လုပ်ငန်းခွင်ထဲ... ...
September 1, 2021သြဂုတ်လ ၃၁ ရက်နေ့ မနက် (၈း၅၄) မိနစ်အချိန် အကြမ်းဖက်စစ်အာဏာသိမ်းကောင်စီ ခလရ ၆၀ ဦးစီးသူ ဗိုလ်ကြီးအဆင့်ရှိ ဇေယျာလင်းအား ရေလဲရွာသား ၆ ဦးကို ဖမ်းစီးခဲ့ပြီး ညနေပိုင်းတွင် ရွာသား ၅ ဦးကို လွတ်ပေး ပြီး တစ်ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်။ ကျန်ခဲ့သူတစ်ဦးက ဦးမြင့်ရွှေ ဖြစ်ပါသည်။ဦးမြင့်ရွှေသည် အရပ်သားတစ်ဦးဖြစ်ပြီး ကျန်ပန်းအလုပ် လုပ်ကိုင်စားသောက်သူတစ်ဦးဖြစ်ပြီး အခုအချိန်အထိ ခလရ ၆၀ မှ ခေါ်ထားခဲ့ကြောင်း သိရသည်။မုန်းမြို့နယ် ငထွေစုပ် နှင့် သူဌေးကုန်းမှာ ခလရ (၃၄၉) က လမ်းကင်းချပြီး ပြည်သူသွားလာတာကို စစ်ဆေးမေးမြန်းပြီး ထောက်ခံစာနှင့် လူမျက်နာပါ စစ်ဆေးပါသည်။ ...