စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီ လမ်းဦးစီးဌာနမှ (ဝါးဘိုးတော-ကမမောင်း)လမ်းဆုံရှိ လူနေအိမ်များနှင့် ဆိုင်တန်းများကို လမ်းနယ်ကျူးကျော်သည်ဟုဆိုကာ အဓမ္မဖယ်ရှားခိုင်းနေ

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ရက်၊ ကေအဲန်ယူ-ဗဟိုအာဏာသိမ်း စစ်ကောင်စီ လမ်းဦးစီးဌာနမှ (ဝါးဘိုးတော-ကမမောင်း)လမ်းဆုံရှိ လူနေအိမ်များနှင့် ဆိုင်တန်းများကို လမ်းနယ်ကျူးကျော်သည်ဟုဆိုကာ (၂၈-၄-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားခိုင်းနေပြီး လိုက်နာမှုမရှိပါက တရားစွဲဆိုခြင်းခံရမည်ဟု စာပို့ထားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှသိရသည်။စစ်ကောင်စီက တရားမဝင် နေအိမ်၊ အဆောက်အဦးများ ဆောက်လုပ်နေထိုင် သည်ဟုဆိုကာ ဖယ်ရှားခိုင်းစေခြင်းခံရသော အိမ်ခြေနှင့် ဈေးဆိုင်ပေါင်း (၄၀)လုံးရှိပြီး ထိုလမ်းဆုံ၌ နေထိုင်သည့် ဒေသခံပြည်သူ စုစုပေါင်း (၂၂၄)ဦး နေအိမ်ဆုံးရှုံးရမည့်အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။"ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက ပေကြိုးတွေနဲ့ လမ်းမနဲ့ဆိုင် အကွာအဝေးကို လာတိုင်းသွားတယ်၊ ဟိုးအရင်ကတည်းက ဒီလမ်းဆုံမှာပဲ ဈေးရောင်းရင်း အသက်မွေးတာ၊ အခု ကျူးကျော်လို့ သက်မှတ်ပြီးဖယ်ခိုင်းတယ် မဖယ်ရင်တရားစွဲခံရ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲသတင်း

၁၈-၄-၂၀၂၂ကေအဲန်ယူ ဗဟိုကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းတွင် အာဏာ သိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ စစ်ရေးလှုပ်ရှားမှုနှင့် ထိုးစစ်ဆင်မှုများ စဥ်ဆက်မပြတ် ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် နယ်မြေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ် ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့် တပ် BGF တပ်များအား ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပါသည်။ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဒေသများ တွင် တိုက်ပွဲများ အများဆုံး ဖြစ်ပွားကာ၊ တိုက်ပွဲကြီးများလည်း ဖြစ်ပွားနေသည်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ကေအဲန်ယူ- ဒူးပလာယာခရိုင်တွင... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၌ ၁၅ ရက်တာအတွင်း ပစ်ခတ်တိုက်ခိုက်မှုသတင်း

၁၉ ဧပြီ ၂၀၂၂ ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်အတွင်း ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ( ၁၇၄ ) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ (၈၁) ယောက်သေဆုံးကာ (၄၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုသေ ဆုံးသွား သော အာဏာသိမ်းစစ်ကောင်စီ၏ တပ်များထဲတွင် တပ်ခွဲမှူး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက် နှင့် တပ်ကြပ် ၁ ယောက်ပါဝင်ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကား ၃ စီး ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဖျက်ဆီး နိုင်ခဲ့ပါသည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်တွင် တိုင်းပြည် နှင့် လူမျိုးအတွက် ၁ ဦး အသက်စွန့်ခဲ့ရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ပစ်ခတ်တိုက်ခို... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၌ မတ်လ တစ်လတာအတွင်း တိုက်ပွဲသတင်း

၅ ဧပြီ ၂၀၂၂ ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် မတ်လအတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ [ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO ] နှင့် [ အာဏာသိမ်း စစ်ကောင်စီ၏ တပ် ၊ နယ်ခြားစောင့်တပ် BGF ] တို့အကြား ထိတွေ့ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မတ်လ တစ်လတာ အတွင်း တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ ပစ်ခတ်မှုပေါင်း (၅၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ၏ တပ် နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်မှ (၄၂၉) ယောက် သေဆုံးကာ (၂၆၀) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့မှ အာဏာသိမ်းစစ်ကောင်စီတပ်၏ ကား (၃၅) စီးကို ဖျက်ဆ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တစ်လတာတိုက်ပွဲသတင်း

၈ ဖေဖော်ဝါရီ ၂၀၂၂ ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်လတာတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုး သားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း (၄၃၅) ကြိမ် ဖြစ်ပွားခဲ့ကာ အာဏာသိမ်း စစ်ကောင်စီ၏ တပ် နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်မှ (၃၉၉) ယောက် သေဆုံးပြီး (၃၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ် ရေး တပ် KNDO တို့ဘက်မှ ( ၇ ) ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ရပြီး (၂၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များအတွင်းသို့ နေ့တိုင်းနီးပါး လက်နက်ကြီးများ ပစ်ချလျက် ရှ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် စစ်ဘေးရှောင်ပြည်သူလူထုများ နေရပ်သို့မပြန်နိုင်

၂၆ ဇန်နဝါရီ ၂၀၂၂ ကေအဲန်ယူ - ဗဟို ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ်များသည် စစ်ရေးလှုပ်ရှားမှု အစဥ်မပြတ်ပြုလုပ်သဖြင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်၊ နယ်ခြားစောင့်တပ် နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့အကြား ထိတွေ့ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ၂၅ ရက်နေ့အထိ ၁၀ ရက်အတွင်းတွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၁၀၅) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်၏တပ် နှင့် နယ်ခြားစောင့်တပ်တို့ဘက်မှ (၁၅၀) ယောက် သေဆုံးကာ (၁၁၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ သေဆုံးသွားသော အာဏာသိမ်းစစ်ကောင်စီ၏တပ်များထဲတွင် စစ်သမီးတစ်ယောက်လည်း ပါဝင်ခဲ့ပါသည်။ အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များသည် ပြည်... ...

ဆက်ဖတ်ရန်