Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
U.S. Department of State Counselor Tom Sullivan held a virtual meeting with pro-democratic resistance organizations

အမေရိကန် နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန် (Mr. Tom Sullivan) နှင့် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး လုပ်လိုသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အွန်လိုင်းဖြင့် တွေ့ဆုံခဲ့ပြီး ကေအဲန်ယူ -ကရင်အမျိုးသားစည်းအရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံခြားရေး ဌာနမှူး ပဒိုစောတောနီးတို့မှ ထိုတွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
လက်ရှိ အမေရိကန်၏ မူဝါဒ၊ ဒီမိုကရေစီ လိုလားသည့် တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ဖွဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံ၊ ဒေသန္တရအုပ်ချုပ်ရေး မြှင့်တင်ရေး နှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ အကြမ်းဖက် စစ်အစိုးရအပေါ် ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရန် အရေးကြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်း အလေးပေးဖော်ပြခဲ့သည်။
အတိုင်ပင်ခံပုဂ္ဂိုလ် Sullivan မှ ဒီမိုကရေစီအရေးလှုပ်ရှားသူများအား တိုက်ရိုက်အကူအညီများမှတစ်ဆင့် ပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုမှ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည့် အကြောင်းကို အလေးပေး ပြောကြားခဲ့သည်။ ဤပံ့ပိုးကူညီမှုသည် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် ညီညွတ်မှုတည်ဆောက်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မြှင့်တင်ရန်နှင့် အရပ်သားအုပ်ချုပ်ရေးသို့ ခြေလှမ်းများဖြစ်ရန် ရည်ရွယ်သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမှုတွင် ကေအဲန်ယူ (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ပါဝင်ခဲ့သည်။