Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
စစ်ကောင်စီတပ်များမှ ဒေသခံလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ (၄၀၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ရက်၊ ကေအဲန်ယူ-ဗဟိုကေအဲန်ယူ- ကျိုက်ထိုမြို့နယ်အတွင်း သိမ်ဇရပ်အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ အမြှောက်တပ် (အမတ-၃၁၀)မှ လက်နက်ကြီးများဖြင့် ညစဥ်ပစ်ခတ်နေမှုများကြောင့် ဒေသခံပြည်သူ (၄၀၀၀) ဦးကျော် နေအိမ်များကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဇူလိုင်လ (၁၀) ရက်၊ (၁၁) ရက်နေ့နှင့် ဇူလိုင် (၁၂)ရက်နေ့ညပိုင်း များတွင် အာဏာသိမ်း စစ်ကောင်စီ (အမတ-၃၁၀) တပ်မှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းရှိ ဝင်းကံ ကျေးနယ် နှင့် ဇီးပြောင်းကျေးနယ်များ အတွင်းသို့ လက်နက်ကြီး (အလုံးရေ- ၅၀နီးပါး) ဆက်တိုက် ပစ်ခတ်မှုများ ကျူးလွန်ခဲ့သည်။ဇူလိုင်လ (၁၉) ရက်နေ့ ည (၈) နာရီ မိနစ် (၂၀) တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်သည် သိမ်ဇရပ်အနီး ဓမ္မဒူတ ဘုန်းကြီးကျောင်းဝန်းအတွင်းမှနေ၍ ဇီးပြောင်းကျေးနယ် နှင့် ဝင်းကံ ကျေးနယ်များအတွင်း ကျေးရွာများဆီသို့ လက်နက်ကြီး (၉) လုံး ပစ်ခတ်ခဲ့သည်။"ဒီလို လက်နက်ကြီးတွ... ...

Read More
News
ကေအဲန်ယူ - တောင်ငူခရိုင်၊တပ်မဟာ(၂) ဒေါ်ဖခိုမြို့နယ် တပူကရူ၊ ထီးဒေးကရူ၊ ရှမ်းလယ်ပြင်ကရူ များတွင် ပြည်သူလူထုအများအပြားစစ်ဘေး တိမ်းရှောင်နေရ

၂ဝရက် ဇူလိုင်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့များတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် ၊ ဒေါ်ဖခိုမြို့နယ် တာပူဒေသ အတွင်းရှိမင်းလမ်းတောင်ရွာ၊ဆင်အံတောင်ရွာ၊မိအိ ကြီးရွာ၊မိအိကြီးရွာသစ်ကုန်းစုစည်းရွာ၊ကျွဲကျထက်/အောက်ရွာ၊ဘောဓိကုန်းရွာ၊လယ်သာရွာ၊ဂွေးသဲရွာ၊ဖြတ်လမ်းဆုံရွာဒေသများတဝိုက်တွင် အာဏာသိမ်း စစ်ကောင်စီ၏တပ်များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ထိုသို့ ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များဖြစ်သည့် ခလရ ၈၅ နှင့် ခမရ ၃၀၇ စစ်ကြောင်းမှတပ်များသည် ကျေးရွာများအတွင်း သို့ လက်နက်ကြီးများ ပစ်ခ တ်ခြင်း ကျေးရွာတချို့ရှိ ပြည်သူလူထုများ၏ အိမ်ယာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပါသည်။ ထိုသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအပြစ်မဲ့ရွာသားတဦး... ...

Read More
News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာပြည်သူလူထုတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုတစ်ဦး ထိမှန်သေဆုံးခြင်းနှင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခြင်း

ဇူလိုင်လ(၁၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၃၅၁၊ ခလရ-၆၀နှင့် ပူးပေါင်းတပ်တို့မှ စပ်လဲ ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုသည် ယနေ့ ညနေ(၂)နာရီ (၂၂)မိနစ်အချိန်တွင် ကျောက်ကြီးမြို့ရှိ မာလာဦးဂိတ်နှင့် ဆင်မတောင်မှ စပ်လဲကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုကြောင့် စပ်လဲကျေးရွာရှိ ပြည်သူလူထု တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် ကျေးရွာပြည်သူလူထု၏ နေအိမ်နှစ်လုံးကို လည်း ထိခိုက်ပျက်စီးခဲ့သည်။အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကျေးရွာပြည်သူလူထုမှာ အသက်(၄၀)နှစ်ရှိသူ စောရှီးမေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေး ငယ်နှစ်ဦးမှာ အသက်(၁၂)နှစ်ရှိ နော်ထီးဆဲခူနှင့် (၆)လအရွယ် စောထ... ...

Read More
News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၅၉၉နှင့် ပူးပေါင်းတပ်တို့မှ ကရင်လူငယ်(၂၃)ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ တာလမ်းမပေါ်တွင် တနေကုန် ရိုက်နှက်၊ ညှင်းပန်း၊ နှိပ်စက်

ဇူလိုင်လ(၁၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးခဲ့ ပြီး ကရင်လူမျိုးများကို လက်ပြန်ကြိုးတုတ်ကာ ညှင်းပန်း၊ နှိပ်စက်ခဲ့သည်။ ဇူလိုင်လ(၁၃)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၅၉၉ နှင့် ပူးပေါင်းတပ်တို့မှ ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနှင့် ဝါးပင်စုကျေးရွာသို့ ဝင်ရောက်ပြီး ကျေး ရွာ ပြည်သူလူထုများကို ဖမ်းဆီးခဲ့သည်။ ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးသည့်အပြင် ပြည်သူလူထု၏ နေအိမ်သို့ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းဥစ္စာများကိုလည်း အတင်းအဓမ္မယူသွားခဲ့သည်။ ဖမ်းဆီးထားသော ကျေးရွာပြည်သူလူထုများတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လွတ်ပြီး လူငယ်များကိုမူ ဖမ်းဆီးထားသည်။ဖမ်းဆီးထားသော ကျေးရွာပြည်သူလူထုများတ... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ၏တပ်များ ကေအဲန်ယူ - လယ်ဒိုစိုးမြို့နယ်မှ အပြစ်မဲ့ပြည်သူလူထု ၃ ဦးကို ဖမ်းဆီး

၁၂ ဇူလိုင် ၂၀၂၂ ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကေအဲန်ယူ - ဘိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် ထီးလယ်ကလေးနယ်မြေဒေသ ထားဝယ်ရှိ အာဏာသိမ်း စစ်ကောင်စီ၏တပ်များသည် မယ်သမီခီးသို့ တက်လာစဥ် ၂၅ မိုင် အရောက်တွင် ဝါရှူခိုကျေးရွာသား ၂ ဦး နှင့် ခီးတူခီးကျေးရွာသား ၁ ဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ ဖမ်းဆီးထားသော ထိုအပြစ်မဲ့ ပြည်သူလူထု ၃ ဦးတို့သည် ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည်ဟု ကေအဲန်ယူ - ဘိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် တာဝန်ရှိသူများ၏ ပြောပြချက်အရသိရှိရပါသည်။ ...

Read More
News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ်

ဇူလိုင်လ(၁၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ဇူလိုင်လ(၁၁)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ အင်းနက်ကျေးရွာသား အသက်(၆၂)နှစ်ရှိသူ ဦးမြင့်အေးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ဦးမြင့်အေးသည် မိမိ၏နေအိမ်တွင် ကျန်ခဲ့သော နွားများကို ပြန်လွတ်ပေးရန်အတွက် ကျေးရွာသို့ ပြန်နေစဉ် အဖမ်းခံရခြင်းဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ နေ့ညမပြတ် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာပြည်သူလူထုများ မိမိတို့၏ နေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များကို ထားခဲ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် ကျွန်းကုန်းကျေးရွာသား ဦးမောင်မဲ၏ လယ်တဲကို မီးရှို့ဖျက်ဆီးခ... ...

Read More