Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Departments

ကရင်ဥပဒေအထောက်အကူပြုအဖွဲ့ (KLAC) မှ ဦးဆောင်သော ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်း အကောင်အထည်ဖော်ရေး စွမ်းရည်မြှင့်သင်တန်းကျင်းပပြီးစီး

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄)ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဗဟိုဌာနချုပ်၌ ကရင်ဥပဒေအထောက်အကူပြုအဖွဲ့ (KLAC) မှ ဦးဆောင်သော ဥပဒေပြုလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ နှင့် လူထုဥပဒေအထောက်အကူပြု Community Legal Volunteer (CLV) စွမ်းရည်မြှင့်တင်ရေး သင်တန်း အား ၂၀၂၄ ခုနှစ်၊ဇူလိုင်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၁၇) ရက်တာ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
အဆိုပါသင်တန်းမှာ လူထုဥပဒေအထောက်အကူပြုအဖွဲ့ CLV များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များအား သေချာစွာ နားလည်သဘောပေါက်၍ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် စွမ်းရည်များရှိစေရန် နှင့် စီမံချက် လုပ်ငန်းအတွင်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်ရမည်ကို ကောင်းစွာနားလည်ပြီး လုပ်ငန်းအစီအစဉ်များအား အတူတကွ ရေးဆွဲနိုင်သည့် အခွင့်အရေးများရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သင်တန်းအစီအစဉ်အကောင်အထည်ဖော်သူ ဆရာစောဖလိုးဝါးမှ ပြောကြားခဲ့ပြီး သင်တန်းသား ၄၉ ဦး အောင်မြင်စွာ တက်ရောက်ခဲ့သည်။
သင်တန်းတွင်
- လက်ရှိနိုင်ငံရေး အခြေအနေ
- လူ့အခွင့်အရေး
- ARM SOP
- ကော်သူးလေ ရာဇဝတ်ဥပဒေနှင့် ကော်သူးလေရာဇဝတ်ကျင့်ထုံးဥပဒေ
- ကော်သူးလေ တရားမ မှုခင်းဆိုင်ရာ ကျင့်ထုံးဥပဒေ
- အမျိုးသမီးနှင့် ကလေး ကာကွယ်ရေးဆိုင်ရာပုဒ်မများ
- GBV သဘောတရားနှင့် ဆက်စပ်ဥပဒေများ
- တိုင်တန်းခြင်းနှင့် တင်ပြခြင်းဆိုင်ရာ ယန္တရား
- (၁/၂၀၂၄) မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးအက်ဥပဒေ
- ပြုစားခြင်းဆိုင်ရာအထူးဆက်ဥပဒေ
- မြေယာအငြင်းပွားမှု ပြဿနာဖြေရှင်းရေး
- တရားမျှတမှု၏ အရေးကြီးမှု
- Safety and security စသည်တို့အား သင်ကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ကေအဲန်ယူ-တရားရေးဌာန၊ ဌာနမှူး ပဒိုနော်လွယ်ထူးစေးမှ သင်တန်းအား အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့်သင်တန်းမှ ပို့ချခဲ့သော ဘာသာရပ်များအား ချိတ်ဆက်မှုအားကောင်းစွာဖြင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းအားပေးစကားပြောကြားခဲ့ပြီး ဗဟို တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးမှ လူငယ်များ တရားရေးတွင် တက်ကြွစွာ ပါဝင်လာမှုအား အထူးဝမ်းမြောက်ကြောင်းနှင့်အတူ တိုက်တွန်းစကားများအားလည်း ပြောကြားခဲ့သည်။