Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

မူတြော်ခရိုင်၊ လယ်ယာစိုက်ပျိုးရေးဌာနနှင့် ခရိုင်တာဝန်ရှိသူများမှ ခရိုင်အတွင်း ပိုးကျ၍ စပါးခင်းများ ပျက်ဆီးနေမှုအား စာရင်းပြုစုနေ။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၌ မူတြော်ခရိုင်၊ လယ်ယာစိုက်ပျိုးရေးဌာန နှင့် ခရိုင်တာဝန်ရှိသူများမှ ယခုနှစ် စပါးစိုက်ပျိုးချိန်အပြီး ရေသွင်း ပေါင်းသင်ကာလဖြစ်သည့် သြဂုတ်နှင့် စက်တင်ဘာလ အတွင်း ပျိုးစပါးများအား ပိုးဖလံများဝင်ရောက်ဖျက်ဆီးခြင်းကြောင့် ခရိုင်အတွင်းရှိ ပျိုးစပါးများ အခင်းလိုက်ပျက်စီးနေသောနေရာများအား စာရင်းများ စတင်ကောက်ယူကာ ပြုစုလျက်ရှိသည်။

စပါးခင်းများ အခင်းလိုက်ပျက်စီးမှု သည် ဒွယ်လိုးမြို့နယ်အတွင်းရှိ လေးဖိုးထာ၊ ကတဲတိ၊ ထီးသဘလူထာ၊ မထောကျေးရွာအုပ်စု နှင့် ဘူးသိုမြို့နယ် အတွင်းရှိ မယ်ကလေ၊ မယ်ညု၊ မယ်ခူး၊ ကျောပါး၊ မယ်မွဲ၊ ဒေးဝါး၊ မယ်ပရိ၊ ထီးသဒေါ်ထာကျေးရွာအုပ်စုများ များဖြစ်ပြီး လူသောမြို့နယ်တောင်ခြမ်းမှ ပေးကေး၊ ဘောသေထာနှင့် ကလော်ထာကျေးရွာအုပ်စုအတွင်း၌ အများဆုံး ဖြစ်ပွားခဲ့သည်။
“ပျိုးစပါးပိုးဖလံများသည် လယ်ကွင်းရှိစပါးပင်များစားသောက်ဖျက်ဆီးပြီးနောက် ယခုအခါ တောင်ယာ စပါးခင်းများထဲသို့ စတင်ဝင်ရောက်ကာ စားသောက်ဖျက်ဆီးနေပြီဖြစ်ကြောင်း နှင့် ပိုးဖလံများနှိမ်နင်းရာတွင် ရိုးရာဓလေ့ဖြင့်ပြုလုပ်သည့်ပိုးသတ်ဆေးများ ပက်ဖျန်း၍မရတော့သည့် အပြင် မူတြော်ခရိုင်၊ လယ်ယာစိုက်ပျိုးရေးဌာနမှ ထုတ်လုပ်သည့် ပိုးသတ်ဆေးပါပက်ဖျန်း၍ မရတော့သည့် အဆုံး ထိုင်းနိုင်ငံထုတ်သည့် ဓာတုပိုးသတ်ဆေးကိုပါပက်ဖျန်းသော်လည်း မနှိမ်နှင်းနိုင်ဘဲရှိနေသည်။ နည်းလမ်းများစွာအသုံးပြုကာပိုးဖလံများအား ရေခံဇလုံဖြင့်တမျိုး၊ မီးထွန်း၍တဖုံ ညစဥ် ထောင်ဖမ်း နေလင့်ကစား ပိုးဖလံများနည်းပါးပျောက်ကွယ်သွားခြင်းမရှိပဲ အခက်တွေ့နေရကြောင်း” တောင်ယာရှင်များမှ ၎င်းတို့အခက်အခဲများအား ပြောကြားသည်။
ယခုဖြစ်ပေါ်လျက်ရှိသော သဘာဝကပ်ဘေးများကြောင့် လာမည့်နှစ်တွင် မူတြော်ခရိုင်အတွင်း စားနပ်ရိက္ခာကြပ်တည်းမှုများကို ပိုမိုရင်ဆိုင်ကြုံတွေ့ နိုင်ဖွယ် ရှိကြောင်း စိုးရိမ်လျက်ရှိသည်။