စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင် ကရင်ကျန်းမာရေးနှင့်ကူညီကယ်ဆယ်ရေးဌာန (K.D.H.W) မှဦးစီးပြီး အပတ်စဉ် (၁၄) အခြေခံ ပြည်သူ့ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ဖေဖော်ဝါရီလ (၂) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဆောထိမြို့နယ်၊ လယ်ဒိုမြို့နယ်တို့ရှိ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့် ကရင့်ကျန်းမာရေးနှင့်ကူညီကယ်ဆယ်ရေးဌာန (K.D.H.W) တို့မှ ပူးပေါင်းပြီး ရပ်ရွာတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအားကောင်း လာစေရန် ရည်ရွယ်ချက်ဖြင့် (၆) လတာ အခြေခံပြည်သူ့ကျန်းမာရေးလုပ်သားသင်တန်း (Community Health Worker Training) ၏ အပတ်စဉ် (၁၄) ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။
ထိုသင်တန်းသို့ ခလယ်လွီထူခရိုင် အုပ်ချုပ်ရေးပိုင်းမှ မူးမြိုနယ်၊ ဆောထိမြို့နယ်၊ လယ်ဒိုမြို့နယ် နှင့် ခရိုင်မှ ကိုယ်စားပြု သင်တန်းသားများအပါအဝင် ကာကွယ်ရေးပိုင်းမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ တပ်ရင်း (၇)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃) တို့မှ ကိုယ်စားပြုသင်တန်းသား (၁၁၀) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
သင်တန်းအား လက်ရှိလုံခြုံရေးအခြေအနေများအရ နေရာ (၂) နေရာခွဲကာ ကျင်းပြုလုပ်ခဲ့ရကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့နှင့် (၃၀) ရက်နေ့တို့တွင် သင်တန်းဆင်းပွဲများ အသီးသီး ပြုလုပ်ခဲ့ကြပြီး သင်တန်း ဆင်းပွဲအခမ်းအနားသို့ ခရိုင်၊ မြို့နယ် နှင့် တပ်ပိုင်းဆိုင်ရာ တို့မှ တက်ရောက်အမှာစကားနှင့် အားပေးစကား များပြောကြားခြင်းအပြင် သင်တန်းအတွင်း ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်ချင်းတို့ကို ပြုလုပ်ခဲ့ကြ သည်။