စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင် ဆောထိမြို့နယ် တရားရေးနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) တို့ပူးပေါင်းပြီး ဒုတိယ အကြိမ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ဖေဖော်ဝါရီလ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ် တွင် မြို့နယ်တရားရေးနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) တို့ပူးပေါင်းပြီး ဒုတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေးနှင့်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၃) ရက်တာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်တရားသူကြီးနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) မှ တာဝန်ရှိ ခေါင်းဆောင်များ ၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်လူငယ်အစည်းအရုံး(KYO) နှင့် ကျေးရွာတိုက်နယ်မှ ဥက္ကဌများနှင့် တရားသူကြီးများ စုစုပေါင်း လူဦးရေ (၄၀) ခန့်တက်ရောက်ခဲ့ကြသည်။