စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင်လယ်ယာစိုက်ပျိုးရေးဌာနမှ ဒေသခံပြည်သူများအတွက် လယ်ယာမြေတိုင်းတာခြင်းနှင့် မြေယာမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများပြုလုပ်ပေးခဲ့

ဖေဖော်ဝါရီလ (၁၅) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိ မြို့နယ် စီမံအုပ်ချုပ်မူနယ်မြေအတွင်း ကော်သူးလေလယ်ယာစိုက်ပျိုးရေးဌာနဝန်ထမ်းများနှင့် ကျေးရွာ အဆင့် မြေယာကော်မတီအဖွဲ့ဝင်များ မှ ပူပေါင်းပြီး စောသဲခီးအုပ်စု၊ ထီဘလားအုပ်စု၊ လယ်ဝါးအုပ်စုမှ ဒေသခံပြည်သူများ၏ လယ်ယာ၊ ဥယျာဉ်ခြံမြေများကို ၂၀၂၄ နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အထိ ဒိုင်နယ်အုပ်စု (၃) အုပ်စု၏ ရိုးရာဓလေ့မြေယာပိုင်ဆိုင်မူများကို မြေတိုင်းတာခြင်းနှင့် မြေယာမှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများကို ပြုလုပ်ခဲ့ပြီး ဒိုင်နယ်အုပ်စု (၃)အုပ်စုမှ မြေပိုင်ရှင် (၃၄၃) ဦး၏ မြေနေရာ (၄၁၄)နေရာ မြေဧကပေါင်း (၄၂၃၃.၇၄) ဧက ကို မှတ်ပုံတင်တိုင်းတာခဲ့သည်။
မြေတိုင်းခြင်းနှင့် မြေယာမှတ်ပုံတင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပျောက်ဆုံးနေသောဒေသခံ ပြည်သူ လူထု၏ မြေယာပိုင်ဆိုင်မူများ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိစေပြီး အတည်တကျလုပ်ကိုင်နိုင်ရန်၊ ရိုးရာဓလေ့ မြေယာပိုင်ဆိုင်မူများ အသိအမှတ်ပြုအာမခံချက်ရရှိစေရန်နှင့် ပြည်သူအုပ်ချုပ်မူယန္တရားများ ပေါ်ထွက် လာစေရန် အတွက် ဖြစ်သည်။