စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင်၌ နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီ၏ (ပထမ)အကြိမ် အစည်းအဝေး ပြုလုပ်ပြီးစီး

စက်တင်ဘာလ (၁၅) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၌ နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီလက်အောက်ရှိ ဆပ်ကော်မတီအဖွဲ့မှဦးဆောင််််််ပြီး နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီ အစည်းအဝေး ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅) ရက်တာ အစည်းအဝေးကို အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့သည်။
အစည်းအဝေးပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ခလယ်လွီထူခရိုင်း၌ ဒေသန္တရအုပ်ချုပ်ရေးယန္တယား ပိုမိုးအားကောင်းလာစေရန်နှင့် တရားဥပဒစိုးမိုးမှု ပိုမိုအားကောင်းလာစေရန်ဖြစ်ပြီး ဤအစည်းအဝေးသည် ကေအဲန်ယူ-ခလယ်လွီထူခရိုင်၏ (၂၄)ကြိမ်မြောက် ကွန်ကရက်အပြီး ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပသော အစည်းအဝေးလည်းဖြစ်သည်။
အစည်းအဝေးသို့ ခရိုင်ခေါင်းဆောင်၊ မြို့နယ် ခေါင်းဆောင်၊ ကရင်လူငယ် အစည်းအရုံး (K.Y.O)၊ ကရင်အမျိုးသမီးအစည်းအရုံး (K.W.O)၊ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရုံးလုပ်သား စုစုပေါင်း (၆၅)ဦး ခန့်ပါဝင်တက်ရောက်ခဲ့သည်။