စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင်၌ ရဲအခြေခံဥပဒေများ နှင့် ရဲဌာနစီမံခန့်ခွဲခြင်း သင်တန်းအား ကျင်းပပြုလုပ်ပြီးစီးခဲ့

စက်တင်ဘာလ (၁၄) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၃) ရက်နေ့မှ စက်တင်ဘာလ (၁၃) ရက်နေ့အထိ ခလယ်လွီထူခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး ရဲအခြေခံဥပဒေများ နှင့် ရဲဌာနစီမံခန့်ခွဲခြင်း တစ်လတာသင်တန်းသင်တန်းကို ကျင်းပ ပြုလုပ်ခဲ့သည်။
သင်တန်းပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တရားဥပဒ စိုးမိုးရေး ပိုမိုအားကောင်းလာစေရန်၊ ရဲဘော် ရဲမေများအနေဖြင့် မိမိတို့၏တာဝန်ဝတ္တရားများကို သိရှိနားလည် စေရန်၊ ပြည်သူလူထုနှင့်လက်တွဲပြီး တာဝန်ဝတ္တရားများကို တာဝန်ယူလုပ်ဆောင်နိုင်သော အနာဂတ် ရဲများ ဖြစ်လာစေရန် ဖြစ်သည်။
သင်းတန်းအတွင်း (၁) ကရင်တော်လှန်ရေးသမိုင်း (၂) ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံ အခြေံဥပဒေနှင့် နည်းဥပဒေ (၃) ကရင့်တော်လှန်ရေး အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ် (၄) ကေအဲန်ယူ ရာဇဝတ်မှု၊ တရားမမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ (၅) ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင်များ၏ တာဝန် ဝတ္တရားများ (၆) ကရင်အမျိုးသား ရဲတပ်ဖွဲ့၏ ပစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းများ (၇) ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ (၈) ပြည်သူလူထု သိသင့်သိထိုက်သော ကေအဲန်ယူဌာနအသီးသီး၏ မူဝါဒများ နှင့် (၉) ကရင်အမျိုးသမီး အစည်းအရုံးနှင့် ကရင်လူငယ်အစည်းအရုံးတို့၏ အခြေခံဥပဒေ ဟူ၍ စုစုပေါင်း ခေါင်းစဉ် (၉)ခုဖြင့် သင်ကြား ပို့ချခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်ခေါင်းဆောင်များ၊ မြို့နယ်ခေါင်းဆောင်များ၊ ခရိုင်တရားသူကြီး၊ တပ်မဟာရုံးထိုင်မှူးနှင့် ရုံးလုပ်သားများ အပါအဝင် စုစုပေါင်းလူ(၇၀)ကျော်ပါဝင်တက်ရောက်ခဲ့ ကြပြီး သင်တန်းအတွင်း ထူးချွန်သင်တန်းသားများကို ဆုချီးမြှင့်ခြင်း ကိုလည်း လုပ်ဆောင်ခဲ့သည်။