စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

လှကမန်းကျေးနယ် ကရင်လူငယ်အစည်းအရုံးကွန်ကရက်ပြုလုပ်ပြီးစီး။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ လှကမန်းကျေးနယ်ကရင်လူငယ်အစည်းအရုံးကွန်ကရက် (ပထမအကြိမ်) အား ကြိမ်ကုန်းကျေးရွာတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့မှ၉ရက်နေ့အထိ ၂ရက်ဝာာ ကျင်းပပြုလုပ်ခဲ့သည်။
(၁)ကြိမ်မြောက် လှကမန်းကျေးနယ် ကရင်လူငယ်အစည်းအရုံးယာယီအလုပ်အမှုဆောင်(၁၀)ဦးကို အဆိုပြုသူ၁ဦး၊ ထောက်ခံသူ၂ဦးဖြင့်၎င်း၊ အလုပ်အမှုဆောင်၅ဦးကို လျှို့ဝှက်မဲစနစ်ဖြင့်၎င်း ရွေးကောက်ခဲ့ပြီး ထိုအလုပ်အမှုဆောင်၅ဦးထဲမှ ဥက္ကဌနှင့် အတွင်းရေးမှူးအား ထပ်မံ ရွေးချယ် ခဲ့သည်။
ယခုဖွဲ့စည်းပြီးခဲ့သည့် လှကမန်းကျေးနယ်ကရင်လူငယ်အစည်းအရုံးသည် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံးအနေဖြင့် မြို့နယ်အတွင်း ကျေးနယ်၂၉ကျေးနယ်ရှိသည့်အနက် ၁၀ကျေးနယ်မြောက် ဖွဲ့စည်းနိုင်ခဲ့သည့် ကျေးနယ်အဆင့်ကရင်လူငယ်အစည်းအရုံးလည်းဖြစ်သည်။