စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံးနှင့် တရားရေးဌာနတို့မှ စာသင်ကျောင်းများသို့ မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောခြင်း

၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံးနှင့် တရားရေးဌာနတို့မှ ဦးဆောင်၍ ‌မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောပွဲများအား ၂၀၂၄ခုနှစ် စက်တင်ဘာလ ၃ရက်နေ့တွင် ပိတခအထက်တန်းကျောင်း၌တကြိမ်၊ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် ကနဲဃောဝါကျောင်း၌ တကြိမ် ပြုလုပ်ပေးခဲ့သည်။
မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား တရားရေးဌာနမှ ဆရာစောစိုင်းနိုဘယ်က ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူတို့မှ မူးယစ်ဆေးဝါးအမျိုးအစားနှင့် မူးယစ်ဆေးကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံးမှ ဆရာမနော်ယာဒေဖေါမှ ဟောပြောပွဲကို ဆက်လက်ဦးဆောင်ခဲ့ပြီး ကော်သူးလေရာဇဝတ်ဥပဒေပုဒ်မအချို့နှင့် မူးယစ်ဆေးဝါးအထူးအက်ဥပဒေ အကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ယခုပြုလုပ်သည့် မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေး‌ဟောပြောပွဲသည် ၂ကြိမ်မြောက် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံးကွန်ကရက်တွင်လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု လျေ့ာနည်းလာရန် ချမှတ်ထားသည့်‌ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ၎င်းကွန်ကရက်အပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်။