စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင်၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဆေးခန်းသစ်ဖွင့်လှစ်

စက်တင်ဘာလ (၁၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်ထားဝယ်ခရိုင် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၌ တပ်မဟာ (၄) ဘိတ်ထားဝယ်ခရိုင် တပ်မဟာဆေးဌာနခွဲမှ ဆေးခန်းအသစ်တလုံး ဖွင့်လှစ်ခဲ့သည်။
ဆေးခန်းသည် ရဲဘော်များ နှင့် အဖွဲ့ဝင်များ ဆေးကုသပေးရန်နှင့် ပြည်သူလူထုအားကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရန်ဖွင့်လှစ်ရခြင်းဖြစ်သည်။
ဆေးခန်းသစ်ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ဥက္ကဋ္ဌ၊ တပ်မဟာမှူး၊ ခရိုင်အတွင်းရေးမှူး၊ တပ်မဟာ ဗျူဟာမှူးနှင့် ဌာနဆိုင်ရာခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ပြီး ခရိုင်ဥက္ကဋ္ဌ၊တပ်မဟာမှူး၊ ဗျူဟာမှူးနှင့် ဆေးတပ်ဖွဲ့မှူး တို့မှ တက်ရောက်လာသော ခေါင်းဆောင်များ နှင့် ဧည့်သည်များအား အားပေးစကားများပြောကြားခဲ့သည်။