စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဖားအံခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ဒုတိယအကြိမ်မြောက် ရာထူးခန့်အပ်ခြင်းနှင့် ရာထူးတိုးခြင်း အခမ်းအနားကျင်းပ။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ဒုတိယအကြိမ်မြောက် ရာထူးခန့်အပ်ခြင်းနှင့် ရာထူးတိုးခြင်း အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် ဖားအံခရိုင် အမှတ်(၇) တပ်မဟာခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ဖားအံခရိုင်၊ ဒုရဲတပ်ရေးရာမှူး ဒုဗိုလ်စောရာဇာဟိန်း မှ ဦးဆောင်ခဲ့ပြီး ရဲမှူးကြီး ဒုဗိုလ်မှူးကြီး စောမောင်ကြည် မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားတွင် ဗိုလ်လောင်းအဆင့် ရာထူးခန့်အပ်ခြင်း နှင့် ဗိုလ်အဆင့် ရာထူးတိုးပေးခြင်း များပြုလုပ်ခဲ့ပြီး ဗဟိုရဲတပ်ရေးရာမှူး ဗိုလ်မှူးစောဆာအယ်လား နှင့် ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ တို့မှ တိုက်တွန်းအားပေးစကားများ ပြောကြားခဲ့သည်။