စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

(၇၄) နှစ် ကရင့်အာဇာနည်နေ့ကို ထိုင်း−မြန်မာ နယ်စပ်တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့

သြဂုတ်လ (၁၃) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
၂၀၂၄ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင်ကျရောက်သော (၇၄) နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ထိုင်း−မြန်မာ နယ်စပ်တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနား အစီအစဉ်ကို နံနက် ၈း၀၀ နာရီတွင် စတင်ပြီး အခမ်းအနားမှူးအဖြစ် ပဒို စောဂျက်ပစီ နှင့် သဘာပတိ အဖြစ် ဆရာ စောဆူးခက်တို့မှ ဆောင်ရွက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကရင်အမျိုးသားအလံတော် နှင့် ကျဆုံးလေပြီးသော ခေါင်းဆောင် ရဲဘော်ရဲဘက် နှင့် ပြည်သူလူထုများကို အလေးပြုပြီး သဘာပတိမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာ စောအယ်တာမူးမှ စောဘဦးကြီး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဥ်းကို ဖတ်ကြားပြီး (၇၄) နှစ်မြောက် ကရင့် အာဇာနည်နေ့သို့ ပေးပို့သော ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း၏ သဝဏ် လွှာကို ဆရာ စောသေးဒိုမှ လည်းကောင်း၊ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (KNDO) ၏ သဝဏ် လွှာကို ဆရာ စောလေးခလေးမှ လည်းကောင်း၊ ကရင်လူငယ်အစည်း အရုံး( KYO) ၏ သဝဏ်လွှာကို ဆရာမ နော်ဟဲဘလုဆိုးမှ လည်းကောင်း ၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ သဝဏ်လွှာကို ဆရာမ နော်အယ်ဆဲခူမှ လည်းကောင်း အသီးသီးဖတ်ကြားခဲ့ပါသည်။
ထို့နောက် ပဒို စောအယ်ကလူစေး (ကေအဲန်ယူ − ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်) ပဒို စောကလယ်စေး (ကေအဲန်ယူ − ပြောရေးဆိုခွင့်ရှိသူ) ဒုဗိုလ်မှူးကြီး စောနေဒိုမူး (KNDO စစ်ရေးချုပ်) နှင့် ဆရာမ နော်စေးထူး စသည့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များနှင့် ဘာသာရေး ခေါင်းဆောင် များတို့မှ တိုက်တွန်း လမ်းညွှန် အားပေးစကားများ ပြောကြားခဲ့ပါသည်။
ထို့နောက် ဆရာတော် စောရိန်းဂျယ်မှ ကျေးဇူးတင်စကားပြောကြားပြီး သဘာပတိ ဆရာ စောဆူးခက်မှ အပိတ်မိန့်ခွန်းပြောကာ ကရင်အမျိုးသားသီးချင်းသီဆိုပြီး ဆရာတော်များမှ ကောင်းချီးပေး ဆုတောင်း ပြီး အခမ်းအနား အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။

အခမ်းအနား အစီအစဉ်တွင် ကရင်လူငယ် အဆိုရှင်များမှလဲ တေးသီချင်းများ ပါဝင်ခဲ့ကြပြီး စုစုပေါင်း လူဦးရေ ၅၀၀ ခန့် တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။