စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ (ဗဟို)မှ "လူထုဝန်ဆောင်မူဖြင့် ခိုင်မာသော ကော်သူးလေအုပ်ချုပ်ရေးစနစ် တည်ဆောက်ရေး" ခေါင်းစဥ်ဖြင့် နိုင်ငံရေးစကားဝိုင်း တရပ်ကျင်းပ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်၊ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီ ၏ လုပ်ငန်းကော်မတီများမှ တစ်ခုဖြစ်သည့် ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက် ရေးလုပ်ငန်းကော်မတီ (ဗဟို) မှ ”လူထုဝန်ဆောင်မူဖြင့် ခိုင်မာသော ကော်သူးလေအုပ်ချုပ်ရေးစနစ် တည်ဆောက်ခြင်း နိုင်ငံရေးစကားဝိုင်းအစီအစဉ်” တရပ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်၌ ဦးဆောင်ကျင်းပခဲ့သည်။
နိုင်ငံရေးစကားဝိုင်းအစီအစဉ်အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပညာပေးစည်းရုံးရေး နှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ(ဗဟို)မှ ဆရာမနော်အယ်ဖော်ဝါး မှ ဦးဆောင်၍ သထုံခရိုင် ကရင်လူငယ်အစည်းအရုံး (KYO) မှ ဆရာစောလွှမ်းမိုးနိုင်၊ ဘိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး (KYO) မှ ဆရာမနော်သူးလေဖော၊ ကရင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) မှ ဆရာစောမူးပွယ်သော၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO) မှ ဆရာမနော်ဖောသေးသေး နှင့် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD)မှ ဆရာစောထက်သူရ တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ ခေါင်းဆောင်များမှ ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် လူမှုဝန်ဆောင်မှု များနှင့် ကြုံတွေ့ရသည့် အခက်အခဲများအပြင် ခိုင်မာသော ကော်သူးလေ အုပ်ချုပ်ရေးစနစ်တည်ဆောက်ရေးအတွက် မည်သို့သော လူထုဝန်ဆောင်မှုများ ပေးနိုင်ရန် လိုအပ်ကြောင်း သုံးသပ်ကာအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အဆိုပါစကားဝိုင်းသို့ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် ဌာနအသီးသီးမှ လူငယ်ခေါင်းဆောင်များ လူဦးရေ (၅၀) ကျော်တက်ရောက်ခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီ ဗဟိုမှ ယခုအချိန်တွင် နိုင်ငံရေးစကားဝိုင်း နှစ်ခုအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပြီး “Bottom-Up Federalism ဖြင့် ကော်သူးလေတည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ နေ့တွင်ကျင်းပခဲ့သည်။