Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

လီၢ်ခၢၣ်သး

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ လီၢ်ခၢၣ်သး ရဲၣ်ကျဲၤမၤဝဲ ကညီဒီကလုၥ်မုၢ်နံၤ ၦဲၤထီၣ် ၇၇ နံၣ်အမူး

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်၊ ကေအဲန်ယူ-ဗဟို။
ယနေ့ကျရောက်သော ၂၀၂၅ ခုနှစ် ကရင်အမျိုးသားနေ့သည် (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ဖြစ်သည်။ လွန်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာပြည်ရှိ ကရင်ဒေသအသီးသီးမှ လူထုအင်အား (၄၅၄,၁၀၀) သည် ဖဆပလအစိုးရအား
“၁။ ကရင်ပြည်ချက်ချင်ပေး
၂။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ။
၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ။
၄။ ပြည်ထွင်းစစ်အလိုမရှိ” ဟူသော ပိုစတာ (၄) ခုကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော ထိုနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲသည် ကရင်အမျိုးသားများ၏ ဆန္ဒကို ဒီမိုကရေစီနည်းလမ်းတကျ ဖော်ထုတ်နိုင်ခဲ့ခြင်းနှင့် အနာဂါတ်နိုင်ငံတော်ကြီးကို တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စုဖြင့် တည်ဆောက်ရေးအတွက် ရှေးဦးလမ်းပြခဲ့ခြင်းဖြစ်သည်။
ယနေ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားသို့ ကေအဲန်ယူ-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟို အမြဲတမ်းကော်မတီဝင်များ၊ ဗဟို ခေါင်းဆောင်များ၊ ကေအဲန်ယူ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ခေါင်းဆောင်များ၊ ကေအဲန်ယူ-ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှခေါင်းဆောင်များ၊ ဌာနဆိုင်ရာခေါင်းဆောင်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် မိဘပြည်သူများ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။