Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး နှစ်ကုန်အစည်းအဝေးပြုလုပ်ပြီးစီး။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ(၇) ဖားအံခရိုင်၏ (၂)ကြိမ်‌မြောက် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်အပြီး ပထမအကြိမ်နှစ်ကုန်အစည်းအဝေးကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်နေ့တွင် ပိတခကျေးရွာ၌ ပြုလုပ်ပြီးစီးခဲ့သည်။
အခမ်းအနားတွင် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်း(၆)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ဆုတောင်းခြင်းနှင့်အတူ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး၏ ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်မှုနှင့် တစ်နှစ်တာလှုပ်ရှားဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ခေါင်းဆောင်များနှင့်လူငယ်ကိုယ်စားလှယ်တို့မှလည်း သုံးသပ် အကြံပြုခဲ့သည်။
ထို့နောက် နှစ်ကုန်အစည်းအဝေးတွင် ကရင်လူငယ်အစည်းအရုံး(ဗဟို) တွဲဖက်အတွင်းရေးမှူး(၂) စောအယ်ထီးကော်၊ ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး စောဝင်းမိုး၊ ပိုင်ကျုံမြို့နယ် တွဲဖက်အတွင်းရေးမှူး ပဒိုစောပုလူ၊ တရားသူကြီး ပဒိုမန်းစံရွှေမြင့်၊
ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး အကြံပေးပုဂ္ဂိုလ် ဗိုလ်ကြီးစောပိလေးနှင့် ပဒိုနန်းကျင်စိန်တို့မှ အားပေးစကားနှင့်လမ်းညွှန်စကားအသီးသီးပြောကြားခဲ့သည်။
၎င်းနှစ်ကုန်အစည်းအဝေးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(ဗဟို)ပညာပေးစည်းရုံးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီမှ ဆရာမနော်အယ်ဖေါဝါး၊ ပိုင်ကျုံမြို့နယ် ရုံးထိုင်မှူး ပဒိုနော်အယ်နေပါသနူးစိုးမူး၊ မြို့နယ် ကရင်လူငယ်အစည်းအရုံးနှင့် ကရင်အမျိုးသမီးအစည်းအရုံး၊ ကျေးနယ် ကရင်လူငယ်အစည်းအရုံး အလုပ်အမှုဆောင်ကော်မတီဝင်များနှင့် လူငယ်ကိုယ်စားလှယ်များ၊ ကျေးနယ်ဥက္ကဌနှင့် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ(၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။