Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ခလယ်လွီထူခရိုင်၏ နိုင်ငံရေးနှင့်စည်းရုံးရေးကောင်မတီမှ (ဒုတိယ) အကြိမ် အစည်းအ‌‌ဝေးကျင်းပပြုလုပ်ခဲ့

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်ရေးနယ်မြေ ခလယ်လွီထူခရိုင်၌ နိုင်ငံရေး နှင့် စည်းရေးကော်မတီလက်အောက်ရှိ ဆပ်ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး (ဒုတိယ) အကြိမ် အစည်း‌‌‌‌အဝေးကို ၂၀၂၅ ခုနှသ် ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၈) ရက်နေ့ထိ (၃) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ခရိုင် အဆင့် နိုင်ငံရေးနှင့်စည်းရုံးရေကော်မတီတို့ နှင့် မြို့နယ်အသီးသီးရှိ ကော်မတီများမှ (ပထမ) အကြိမ် အစည်းဝေးမှချမှတ်ခဲ့သည့် လုပ်ငန်းစဥ်များကို ပြန်လည်၍ အစီရင်ခံစာတင်ပြခြင်း၊ စီစစ် သုံးသပ်ခြင်းများကို ပြုလုပ်ခဲ့ပြီး လုပ်ငန်းအစီအစဥ်များအားချမှတ် ရေးဆွဲခဲ့ပါသည်။
အစည်းအဝေးသို့ ခရိုင်ခေါင်းဆောင်များ၊ မြို့နယ်ခေါင်းဆောင်များ၊ ကရင်လူငယ်အစည်းအရုံး (KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် ရုံးလုပ်သားများ စုစုပေါင်း(၅၈)‌ဦးတက်‌ရောက်ခဲ့ကြသည်။