Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီ(ဗဟို) မှ သ.ဝ.ခ၊ ဂ.ဝ.ခ၊ခရိုင်၊ဌာန အသီးသီးတို့ ပါဝင်သော ပထမအကြိမ် စုံညီအစည်းအဝေးကျင်းပ။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ယခင် စည်းရုံးရေးနှင့်ပြန်ကြားရေး ဌာနလက်အောက်ရှိ သတင်းနှင့် ပြန်ကြားရေးဌာနသည် (၁၇)ကြိမ်မြောက် ကေအဲန်ယူ-ကွန်ကရက်တွင် ပြန်လည်ဖွဲ့စည်းလိုက်သော နိုင်ငံရေး နှင့်စည်းရုံးရေး ကော်မတီ၏ လက်အောက်ရှိ လုပ်ငန်းကော်မတီကြီး(၁၁) ခုတွင် တခု အပါအဝင်ဖြစ်လာသည်။ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးလုပ်ငန်း ကော်မတီ(ဗဟို) မှ ဦးဆောင်၍ ခရိုင်၊ ဌာန၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ လုပ်ငန်းကော်မတီ များ ပါဝင်သော အစည်းအဝေးတရပ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့ မှ (၂၈) ရက်နေ့အထိ ၃ ရက်တာ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဒုဥက္ကဋ္ဌ၊ အမျိုးသားလုံခြုံရေးနှင့် စစ်ကောင်စီ အဖွဲ့ဝင် ပဒိုစောဆဲဂေ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး- တွဲဖက်အတွင်းရေးမှူး (၂) ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပဒိုစောလှထွန်း၊ ဗဟို ပြည်သူ့ဆက်ဆံ ရေး နှင့် သတင်းပြန်ကြားရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ဗဟိုစစ်ဦးစီးဌာနချုပ်(သ.ဝ.ခ)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-ဗဟိုဌာနချုပ်(ဂ.ဝ.ခ)၊ ဗဟိုဌာနများ၊ ခရိုင်များ၊ ကရင်လူငယ်အစည်းအရုံး၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ကော်သူးလေ အလုပ်သမားသမဂ္ဂ ၊ ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ နှင့် ကရင်လူ့အခွင့်အရေးကော်မတီ မှ ကိုယ်စားလှယ်များ စုစုပေါင်း ကိုယ်စားလှယ်ခေါင်းဆောင် (၅၅) ဦးတက်ရောက်ခဲ့သည်။
အစည်းအဝေးသည် “ကေအဲန်ယူ-ကွန်ဂရက်အပြီး (၁)နှစ်ကျော်ပြီးမှသာ အစည်းအဝေးအား ပထမအကြိမ် ခေါ်ယူနိုင်ခြင်းဖြစ်ကြောင်း။ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဆိုင်ရာလုပ်ငန်းများ၊ ချိတ်ဆက် ဆောင်ရွက်မှုများနှင့် အကောင်အထည်ဖော်လုပ်ဆောင်မှုများ အားကောင်းလာစေရန်နှင့် စနစ်တကျဖြစ်ရေး တို့အတွက် ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီ ကိုယ်စားလှယ် ခေါင်းဆောင် များနှင့် ဗဟိုဌာန ကိုယ်စားလှယ်များ တို့နှင့် စုံညီအစည်းအဝေးကျင်းပရခြင်းဖြစ်ပြီး ကေအဲန်ယူ တစုံလုံး၏ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်လုပ်‌ဆောင်နေမှုတို့ အား ပြည်သူများထံသို့ ပိုမိုကောင်းမွန်ထိရောက်စွာ သတင်းပြန်ကြားပေးနိုင်ရန်” ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပဒိုစောလှထွန်းမှ ပြောကြားခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေမှ “ပြည်သူ့ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေး လုပ်ငန်းကော်မတီသည် ပြည်သူနှင့်ဖြစ်စေ၊ ဌာနတခုချင်းနှင့်ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ပူးပေါင်းလုပ်ဆောင်ရန် အလွန် အရေးကြီး ကြောင်း၊ နိုင်ငံရေးနှင့် စည်းရုံးရေး ကော်မတီ တခုတည်းမဟုတ်ပဲ အမျိုးသားလုံခြုံရေးနှင့် စစ်ကောင်စီမှာ လည်းတာဝန်ရှိကြောင်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ၊ ပြည်သူ့ဝန်ဆောင်မှုများအား အကောင်အထည် ဖော်နိုင်ရန် သတင်းပြန်ကြားရေးသည် တာဝန်ရှိကြောင်း၊ ပြည်သူများ၏ လိုလားချက်များ အကောင်ထည် ဖော်နိုင်ရန် စည်းစည်းလုံးလုံးလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း နှင့် အစည်းအဝေးမှ ရလဒ်ကောင်းများရရှိရန် မျှော်လင့်ကြောင်း” လမ်းညွှန်စကားများ ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်း တာ၀န်များ၊ ကေအဲန်ယူ၏ သတင်းမီဒီယာ မူ၀ါဒ နှင့် Social Media Guideline များတို့ကို ဆွေးနွေးခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဆိုင်ရာ ရှေ့လုပ် ငန်းစဉ် များပါ၀င်သည့် အစည်းအဝေး ဆုံးဖြတ်ချက် (၁၅) ချက် ချမှတ်ခဲ့သည်။