Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ-ဒူးသထူခရိုင်၌ ဇူလိုင်လ (၁)ရက်နေ့တွင် ခရိုင်အဆင့် “ကော်သူးလေသစ်ပင်စိုက်လ” အခမ်းအနားအား ကျင်းပပြုလုပ်ပြီးစီးခဲ့

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂)ရက်၊ ကေအဲန်ယူ−ဗဟို။
၂၀၂၄ ခုနှစ် ဇူလိုင်လ၌ ကျရောက်သော ကော်သူးလေသစ်ပင်စိုက်လအား ကေအဲန်ယူ-ဒူးသထူခရိုင်ရှိ ခရိုင်သစ်တောဌာနမှ ဦးဆောင်၍ ဇူလိုင်လ (၁)ရက်နေ့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး အခမ်းအနားအစီအစဥ်နှင့် ပျိုးပင်များစိုက်ပျိုးခြင်းတို့ကို ခရိုင်အဆင့် ကေအဲန်ယူ-ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအစီစဥ်တွင် အစီစဥ်ဖတ်ကြားခြင်း၊ မိတ်ဆက်ခြင်း၊ (သစ်တော၊ ရေ၊ မြေ၊ တရိစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး)ဆိုင်ရာ ပညာပေးဇာတ်လမ်းများပြသခဲ့ပြီး ကေအဲန်ယူ-ဒူးသထူ ခရိုင် ခရိုင်သစ်တောဌာနမှူး-ပဒို့ စောစောထူးမှ သဘာပတိအဖြစ်ဆောင်ရွက်ကာ အဖွင့်မိန့်ခွန်းပြောကြား ခြင်း၊ ကော်သူးလေ သစ်ပင်စိုက်သည့်နေ့ လမှ သစ်ပင်စိုက်လအဖြစ် ပြောင်းလည်းခြင်းနှင့် သစ်ပင် စိုက်ပျိုးရခြင်း အကြောင်းရင်းများကို ခရိုင် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှူး-ပဒို့ နော်နေးဆယ်ဖောမှ ရှင်းလင်းပြောကြားခြင်း ကေအဲန်ယူ-ဒူးသထူခရိုင်အတွင်းရှိ သစ်တောဌာနလည်ပတ်ပုံနှင့် သစ်တော ထိမ်းသိမ်းတည်ရှိနေမှုနှင့် ထိမ်းသိမ်း လုပ်ဆောင်နေမှု အခြေနေများကို ခရိုင် သစ်တောဌာန အတွင်းရေးမှူး ပဒိုစောမြသောင်းမှ ရှင်းလင်းပြောကြားခြင်း၊ ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းသည် သစ်ပင် တောတောင်တို့အား အမှီသဟဲပြုလည်ပတ်နေပုံကို ခရိုင် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းဌာန အတွင်း ရေမှူး-ပဒို့ စောဖိုးဝါးထူးမှ ရှင်းလင်းပြောကြားခြင်း၊ ရာသီဥတုဖြစ်စဥ်နှင့် သဘာဝ ရေ၊ မြေ၊ သစ်တော များမည်သို့ ဆက်စပ်သည်ကို ခရိုင် ကရင့်အမျိုးသမီးအစည်းအရုံး ဥက္ကဌ-ပဒို့ နော်အဲ့ကမလယ်တော မှ ရှင်းလင်းပြောကြားခဲ့ကာ အခမ်းနားသို့တက်ရောက်လာသော ခရိုင်ခေါင်းဆောင်များမှ တိုက်တွန်း အားပေး စကားပြောကြားပြီး သဘာပတိမှ အပိတ်အမှာစကားပြောကြားကာ နှုတ်ဆက်ခြင်းဖြင့် အခမ်း အနားအစီအစဥ်အားရုတ်သိမ်းခဲ့ပြီး ပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုအခမ်းနားသို့ ခရိုင် ခေါင်းဆောင်များ၊ ခရိုင်အဆင့် ဌာန၊ ဌာနခွဲ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသူ ကျောင်းသားများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ (၁၀၀)ကျော် ပါဝင်ခဲ့ပြီး ထိုနေ့တွင်ပင် ကျွန်းသစ် ပျိုးပင်ပေါင်း (၃)ထောင်ခန့်အား ကေအဲန်ယူ-ဘီးလင်းမြို့နယ် ကြိုးဝိုင်း သစ်တော အတွင်း စိုက်ပျိုးခဲ့သည်။
“ပြီးခဲ့တဲ့နှစ်တွေကတော့ ကျွန်း၊ ပျဥ်းကတိုးနဲ့ အခြားသစ် ပျိုးပင်တွေ စိုက်ဖြစ်ခဲ့တယ် ဒီနှစ်တော့ ကျွန်းသစ် ပျိုးပင်တစ်မျိုးဘဲ အဓိကထား စိုက်လိုက်တယ်” ဟု ကေအဲန်ယူ-ဒူးသထူခရိုင် ခရိုင် သစ်တောဌာန အတွင်းရေးမှူးမှ ပြောသည်။