Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၏ (၁၇) ကြိမ်မြောက် ကွန်ကရက် ကျင်းပ ပြီးစီး

ဇူလိုင်လ (၃၀) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခရိုင်အဆင့် တွင် (၄) နှစ် တစ် ကြိမ် ရွေးကောက်ပြုလုပ်ရသော ညီလာခံကြီးအား ကေအဲန်ယူ-ဒူးပလာယာခရိုင် မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက် မှ (၂၇) ရက်အထိ (၅) ရက်အတွင်း (၁၇) ကြိမ်မြောက် ခရိုင် ညီလာခံအား ခေါ်ယူ ကျင်းပ ခဲ့သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးသည် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးဦးဆောင်မှု၊ အစည်း အရုံး ရှေ့ဆောင်ဦးစီးမှု၊ အမျိုးသားလွတ်မြောက်မှုနှင့် အမျိုးသားများမျှော်မှန်းချက်နှင့်အညီ လှုပ်ရှားမှုများ ကို ဦးစီးဆောင်ရွက်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
(၁၇) ကြိမ်မြောက် ဒူးပလာယာခရိုင် ကွန်ကရက်အား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟို အမြဲတမ်းကော်မတီဝင် ခေါင်းဆောင်များမှ ကိုယ်တိုင်တက်ရောက် ရှေ့ဆောင်မှုပြုကာ ခရိုင် ကိုယ်စား လှယ်များ၊ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်များ နှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် ကျင်းပပြုလုပ်ခဲ့သည်။
ကေအဲန်ယူ-ဒူးပလာယာခရိုင်၏ (၁၇) ကြိမ်မြောက်ကွန်ကရက်တွင် အရွေးကောက်ခံ ကိုယ်စားလှယ် (၁၁၈) ဦး ပါဝင်ရွေးကောက်ခံခဲ့ပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရသော ခရိုင်ခေါင်းဆောင်များမှာ (၁) ခရိုင် ဥက္ကဌ အဖြစ် ပဒိုစောလစ္စတန်၊ (၂) ခရိုင် ဒု-ဥက္ကဌ အဖြစ် ဗိုလ်မှူးချုပ် စောကို့ထူး၊ (၃) ခရိုင် အတွင်းအရေးမှူး အဖြစ် ပဒိုစောမောထူး၊ (၄) ခရိုင် တွဲဘက်အတွင်းရေးမှူးအဖြစ် ပဒိုစောမိုးအဲ့ဒို့ စသည့် ကြီး(၄)ကြီး နှင့် ခရိုင် တရားသူကြီးအဖြစ် ပဒိုစောနေထူး တို့ဖြစ်ကြသည်။
ကေအဲန်ယူ−ဒူးပလာယာခရိုင်၏ (၁၇) ကြိမ်မြောက်ကွန်ကရက်တွင် ရွေးကောက်တင်မြောက်ခံခဲ့ရသော ခရိုင်အမြဲတမ်းကော်မတီဝင် (၃၁) ဦးမှာ -
(၁) ဗိုလ်မှူးချုပ် စောကို့ထူး
(၂) ပဒိုစောဆဲနေကော်
(၃) ပဒိုစောရွှေဝင်း
(၄) ဒုတိယ ဗိုလ်မှူးကြီး စောဆာဘလယ်ထူး
(၅) ပဒိုစောဒုကော်
(၆) ပဒိုစောဖားတရား
(၇) ဒုတိယ ဗိုလ်မှူးကြီး စောဆန်းတင်
(၈) ပဒိုမန်းကြာညို
(၉) ဒုတိယ ဗိုလ်မှူးကြီး မန်းညွန့်မောင်
(၁၀) ပဒိုစောလစ္စတန်
(၁၁) ပဒိုစောလေးထူး
(၁၂) ပဒိုနော်ဖောသေ့ဒေး
(၁၃) ပဒိုစောမောထူး
(၁၄) ပဒိုစောမိုးအဲ့ဒို့
(၁၅) ပဒို စ'ဖိုးကျော်
(၁၆) ပဒိုနန်းတင်လေးမြင့်
(၁၇) ဒုတိယ ဗိုလ်မှူးကြီး စောတီးတု (ခ) ဖားတခေါ့
(၁၈) ပဒိုစောထူးထူးအဲ့
(၁၉) ပဒိုစောချာလပတ်
(၂၀) ပဒိုစောနယ်ဒုဒါး
(၂၁) ပဒိုစောနေထူး
(၂၂) ပဒိုစောစေးကပေါ်ထူး
(၂၃) ပဒိုစောမောင်ရွှေ
(၂၄) ပဒိုစောနေကော်သော
(၂၅) ပဒိုစောချစ်လှ
(၂၆) ဗိုလ်မှူးကြီး စောနယ်ဒါးထူး
(၂၇) ပဒိုနော်မုလဲ့ဝါး
(၂၈) ပဒိုစောသနေးထူး
(၂၉) ပဒိုနန်းစိန်မြကြည်
(၃၀) ပဒိုစောယိုရှီး
(၃၁) ပဒိုစောထူးထူး (ခ) စောဖိုးထော စသည်တို့ဖြစ်ကြသည်။
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး - ဒူးပလာယာခရိုင်မှ (၁၇) ကြိမ်မြောက်ကွန်ကရက်တွင် ရွေးကောက်တင်မြောက်ခံခဲ့ရသော ဒူးပလာယာခရိုင်၏ ဌာနဆိုင်ရာ ဌာနမှူးများမှာ -
(၁) ပဒို စ'ဖိုးကျော် - (ကျန်းမာရေး၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးဌာန)
(၂) ပဒို နော်ဖောသေ့ဒေး - (ပညာရေးနှင့်ယဥ်ကျေးမှုဌာန)
(၃) ပဒို မန်းသူလောင့် - (လယ်ယာစိုက်ပျိုးရေးဌာန)
(၄) ပဒို စောနေကော်သော - (သစ်တောဌာန)
(၅) ပဒို စောထူးထူး - (အခွန်နှင့်ဘဏ္ဍာရေးဌာန)
(၆) ပဒို စောလေးထူး - (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန)
(၇) ပဒို စောယိုရှီး - (မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန)
(၈) ဗိုလ်ကြီး စောငြိမ်းချမ်း - (ကရင်အမျိုးသားရဲတပ်ဖွဲ့ စသည်တို့ ဖြစ်ကြသည်။
ထို့အပြင် တရားစီရင်ရေး ကော်မတီ နှင့် အခြား ကော်မတီကြီး (၆) ခု ဖြစ်သော အမျိုးသားလုံခြုံရေး နှင့် စစ်ကော်မတီ၊ စည်းကမ်းကြီးကြပ်ထိန်းသိန်းရေး ကော်မတီ၊ ဘဏ္ဍာရေး ကော်မတီ၊ နိုင်ငံရေးနှင့်စည်းရုံးရေး ကော်မတီ၊ စီးပွားရေးကော်မတီ နှင့် မြေယာကော်မတီ စသည့် ကော်မတီများ၏ ဥက္ကဌများအား ရွေးကောက်တင်မြှောက်ခဲ့သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးသည် ကရင်အမျိုးသားများ အပါအဝင် အဖိနှိပ်ခံဘဝတူ တိုင်းရင်းသားလူမျိုးအားလုံး ဖက်ဒရယ်ဒီမိုကရေစီ အခွင့်အရေးကို အပြည့်အဝ ရယူခံစားနိုင်ရန် တစ်စိုက် မတ်မတ် ကြိုးစားဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။