Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဒူသထူခရိုင်၌ (၇၄)ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းနား ကျင်းပပြုလုပ်ခဲ့

၂၀၂၄ ခုနှစ်၊ သြဂုတ် (၁၂)ရက်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်တွင် (၇၄)ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းနားအား ခရိုင်အဆင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းနားတွင် အစီစဥ် နှစ်ရပ်ပါဝင်ပြီး ပထမပိုင်းတွင် အခမ်းနားမှူးမှအစီစဥ်ဖတ်ကြားခြင်း၊ ကရင်အမျိုးသားအလံတော်အား တဝက်လျော့ထားခြင်း၊ လွမ်းသူ့ပန်းခွေချပေးခြင်းဖြင့် ကရင့်တော်လှန်ရေးတွင် အသက်ပေးခဲ့သော ကရင့်အာဇာနည်များကို ကရင့်အာဇာနည်ကျောက်တိုင်ရှေ့တွင် အလေးပြုကာ ဂုဏ်ပြု​အစီစဥ်ပြုလုပ်ခဲ့သည်။
ဒုတိယပိုင်းတွင် ခန်းမထဲသို့ ဝင်ရောက်ပြီး ကေအဲန်ယူ-ဒူးသထူခရိုင်၊ ကရင်လူငယ်အစည်းအရုံး ဒုဥက္ကဌ-စောဆိုင်းနေမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှ ပေးပို့သော သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ ကရင့်အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကျည်းချုံးအား ကေအဲန်ယူ-ဒူးသထူခရိုင်၊ ခရိုင်အတွင်းရေးမှူး-ပဒို့စောအေးနိုင်မှ ပြောကြားခဲ့ကာ တက်ရောက်လာသော ခရိုင်ခေါင်းဆောင်များမှ တိုက်တွန်းအားပေးစကား ပြောကြားပြီး အခမ်းအနားအား ကရင်အမျိုးသားအလံတော်သီချင်းသီဆိုကာ ရုတ်သိမ်းခဲ့သည်။
ထိုအခမ်းအနားသို့ ခရိုင် ခေါင်းဆောင်များ၊ KYO၊ KWO၊ ကျေးနယ်တာဝန်ရှိ ပုဂိုုလ်များ၊ ကျောင်းသူကျောင်းသားများနှင့် ရပ်မိရပ်ဖများ စုစုပေါင်းလူဦးရေ တစ်ရာကျော်ခန့် တက်ရောက်ပါဝင်ခဲ့သည်။